ကိုယ်ဝန်ဆောင်ချိန်မှာ စအိုနားတစ်ဝိုက်မှာရှိတဲ့ သေွးပြန်ကြောများ ထုံးသွားတတ်ပါတယ်။ ယားယံမှုများဖြစ်ပေါ်ပြီး နေရထိုင်ရခက်ခဲကာ စအိုမှ အလွယ်တကူ သေွးထွက်တတ်ပါတယ်။ တက်ကျွမ်းနားလည်တဲ့ ဆရာဝန်များနဲ့ မကုသဘဲထားပါက လိပ်ခေါင်းဟာ စအိုအပြင်ဘက်ကို ထွက်လာပြီး နာကျင်တတ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်များအနေနဲ့ လိပ်ခေါင်းမဖြစ်စေရန် အမှျင်များသော အစာများကို စားရပါမယ်။ ရေများများသောက်ရပါမယ်။ ဝမ်းမှန်မှန်သွားသော အလေးကို လေ့ကျင့်ရပါမယ်။ မလိုအပ်ဘဲ ဝမ်းညှစ်ခြင်း မပြုလုပ်သင့်ပါ။ လိပ်ခေါင်းဖြစ်နေပါက လိပ်ခေါင်းပေါ်သို့ ရေခဲတုံးလေးများ ထည့်ထားသော အဝတ်တစ်ခုကို အုံထားပေးရပါမယ်။
Ref : မေ့ရင်သေွးမဂ္ဂဇင်း