တစ်နေ့တာ စားသုံးတဲ့ အစားအစာတေွထဲမှာ ကြက်သွန်နီဟာ မပါမဖြစ် ပါဝင်ရတဲ့ အရာတစ်ခုပါ။ ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ အမယ်စုံလင်လှတဲ့ ဟင်းလျာတေွမှာလည်း ကြက်သွန်နီဟာ ဟင်းခတ်အမေွှးအကြိုင် အဖြစ်သော်လည်းကောင်း ၊ ဟင်းပွဲအပြင်အဆင် လှပသေသပ်စေရန် အတွက်သော်လည်းကောင်း နည်းလမ်းအမျိုးမျိုးနဲ့ ပါဝင်အသုံးတော်ခံနေရပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်မိခင်တေွအနေနဲ့လည်း ကြက်သွန်နီကို စားသင့်ရဲ့လား? ကိုယ်ဝန်ဆောင်ကာလမှာ ကြက်သွန်နီစားခြင်းရဲ့ အားသာချက် ၊ အားနည်းချက်တေွကို ဖော်ပြပေးသွားပါမယ်။
ကိုယ်ဝန်ဆောင်ကာလမှာ ကြက်သွန်နီစားသုံးခြင်းကြောင့် ကောင်းကျိုးများစွာ ရရှိစေနိုင်ပါတယ်။ မိခင်လောင်းရဲ့ခန္ဓာကိုယ်မှာ သတ္ထုဓာတ်တေွ များနေတဲ့အခါ မိခင်လောင်းမှာရော သန္ဓေသားအပေါ်မှာပါ ထိခိုက်မှုရှိနိုင်ပါတယ်။ ကြက်သွန်နီမှာပါဝင်တဲ့ အမိုင်နိုအက်ဆစ်ဓာတ်က မိခင်လောင်းရဲ့ ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တေွကို ပြေစေနိုင်ပါတယ်။ ဗီတာမင်စီဓာတ်ကြွယ်ဝစွာ ပါဝင်တာကြောင့် မိခင်လောင်းရဲ့ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်တဲ့အပြင် သန္ဓေသားရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုပါ ကာကွယ်ပေးပါတယ်။
ကြက်သွန်နီဟာ အစာချေဖျက်အားကောင်းစေတဲ့ အမျှင်ဓာတ်တေွလည်း ပါဝင်နေပါတယ်။ ဒါ့ကြောင့် မိခင်လောင်းတေွကို ကောင်းကောင်းဒုက္ခပေးနိုင်တဲ့ ဝမ်းချုပ်ခြင်းပြဿနာမှလည်း ကာကွယ်ပေးပြန်ပါတယ်။ ကြက်သွန်နီဟာ သေွးလည်ပတ်မှုကို ချိန်ညှိပေးနိုင်တဲ့ စွမ်းအင်ရှိတာကြောင့် ကိုယ်ဝန်ဆောင်မိခင်လောင်းတေွမှာ အဖြစ်များတဲ့ သေွးအားနည်းရောဂါ ၊ သေွးတိုးနဲ့ ဆီးချိုရောဂါ ဖြစ်ပွားမှုနှုန်းကို လျော့ချပေးပါတယ်။
မိခင်လောင်းတေွဟာ ကိုယ်ဝန်ဆောင်ကာလမှ အဓိကသောကရောက်ရတဲ့ အချက်တစ်ခုကတော့ ဝိတ်တက်လာခြင်းပါပဲ။ သင့်ရဲ့တစ်နေ့တာ အစားအစာတေွထဲမှာ ကယ်လိုရီနဲ့အဆီ မပါသလောက်ဖြစ်တဲ့ ကြက်သွန်နီကို ထည့်သွင်းစားသုံးပေးမယ်ဆိုရင် မကြာခဏ ဆာလောင်ခြင်းပြဿနာကို ပြေပျောက်စေနိုင်တဲ့အပြင် သိသိသာသာ ဝိတ်တက်လာတဲ့ ပြဿနာကိုလည်း ဖြေရှင်းပြီးသား ဖြစ်သွားပါလိမ့်မယ်။ ကြက်သွန်နီဟာ ကိုယ်ဝန်ဆောင်မိခင်များရဲ့ ဟော်မုန်းပြောင်းလဲမှုတေွကြောင့် ဖြစ်ပေါ်လာတဲ့ သွားဖုံးရောင်ခြင်း ၊ သွားအတွင်းသေွးယိုစီးခြင်း စတဲ့ သွားကျန်းမာရေးနဲ့ဆိုင်သော ပြဿနာများကိုလည်း အထိရောက်ဆုံး သက်သာစေနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်မိခင်များ ကြက်သွန်နီအမြောက်အများ စားမိရင်တော့ ရင်ပူပြီး မအီမသာ ဖြစ်နိုင်ပါတယ်။ မကြာခဏ ဝမ်းသွားပြီး ဝမ်းလျေှာတဲ့ပြဿနာလည်း တက်နိုင်ပါတယ်။ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများ ၊ အရေပြားနဲ့ဆိုင်တဲ့ ပြဿနာလည်း ဖြစ်ပွားနိုင်ပါတယ်။ ဒါ့ကြောင့် ကြက်သွန်နီကို စားတဲ့အခါမှာ အလွန်အကျွံမစားမိစေဖို့လည်း မိခင်လောင်းတေွ သတိထားရမှာ ဖြစ်ပါတယ်။
HYA (kyarlay)