မြန်မာနိုင်ငံမှာ ဟင်းခတ်အမေွှးအကြိုင်အဖြစ် အများဆုံး အသုံးပြုကြတဲ့ ကြက်သွန်ဖြူဟာ ကျန်းမာရေးအတွက် မြောက်များလှစွာသော အကျိုးကျေးဇူးတေွ ပေးစွမ်းနိုင်ပါတယ်။ သာမန်လူတေွအတွက်သာမကပဲ ကိုယ်ဝန်ဆောင်မိခင်တေွ စားသုံးပေးမယ်ဆိုရင်လည်း ထူးခြားတဲ့ အကျိုးရလဒ်တေွ ရရှိစေမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်မိခင်တေွအတွက် ကြက်သွန်ဖြူဘယ်လောက် ပမာဏကို ကိုယ်ဝန်သက်တမ်းဘယ်လောက်မှာ စားသုံးရမလဲဆိုတာ ရှင်းပြပေးသွားပါမယ်။
ကြက်သွန်ဖြူဟာ အနည်းသောပမာဏလောက်သာ စားသုံးသင့်ပြီး ကိုယ်ဝန်ပထမသုံးလပတ်မှာ စားသုံးဖို့ အသင့်တော်ဆုံးပါ။ ကိုယ်ဝန်ဒုတိယသုံးလပတ်နဲ့ တတိယသုံးလပတ်တို့မှာ စားသုံးပေးမယ်ဆိုရင်တော့ ဘေးထွက်ဆိုးကျိုးအနည်းငယ် ရှိနိုင်ပါတယ်။ ကြက်သွန်ဖြူဟာ သေွးဖိအားကို ကျဆင်းစေပြီး သေွးရည်ကိုလည်း ကျဲစေပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆိပ်ကြောင့် ဖြစ်ပေါ်တတ်တဲ့ သေွးတိုးရောဂါအတွက် ကြက်သွန်ဖြူက အကောင်းဆုံးဆေးတစ်လက်ပါ
မိခင်ဝမ်းဗိုက်ထဲက သန္ဓေသားရဲ့ ကိုယ်အလေးချိန်ကိုလည်း ကြက်သွန်ဖြူက ထိန်းညှိပေးနိုင်ပြီး ပေါင်မပြည့်ပဲ မေွးဖွားခြင်း ၊ လမစေ့ပဲ မေွးဖွားခြင်းတို့ကို လျော့ချပေးနိုင်ပါတယ်။ ကြက်သွန်ဖြူမှာပါဝင်တဲ့ allicin လို့ခေါ်တဲ့ ဓာတ်တစ်မျိုးဟာ ခန္ဓာကိုယ်တွင်း ကိုလက်စထရောအဆင့်ကို ထိန်းညှိပေးနိုင်တာကြောင့် နှလုံးနဲ့ပတ်သတ်တဲ့ ရောဂါများကိုလည်း ကာကွယ်ပေးပါလိမ့်မယ်။
ကြက်သွန်ဖြူဟာ ကင်ဆာရောဂါဖြစ်ပွားနိုင်ချေကိုလည်း လျော့ချပေးနိုင်ပြီး အထူးသဖြင့် အူမကြီးကင်ဆာ ၊ အစာပြွန်နဲ့ အစာအိမ်ကင်ဆာတို့ကို အဓိက ကာကွယ်ပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် ရာသီဥတုကြောင့်ဖြစ်တဲ့ အအေးမိဖျားနာခြင်း ၊ ခံတွင်းနဲ့ အရေးပြား ကူးစက်ရောဂါတို့ကိုလည်း တားဆီးပေးနိုင်ပါတယ်။
ဒါ့ကြောင့် ကိုယ်ဝန်ဆောင်မိခင်တေွအတွက် တစ်နေ့ကို ကြက်သွန်ဖြူ နှစ်မွှာကနေ လေးမွှာအတွင်း စားသုံးပေးခြင်းက မြောက်များလှစွာသော ကျန်းမာရေးအကျိုးကျေးဇူးများကို ယူဆောင်ပေးလာမှာ ဖြစ်ပါတယ်။
HYA (kyarlay)