မိဘတိုင်းကတော့ မေွးဖွားလာမယ့် သားသမီးလေးရဲ့ ရုပ်ရည်သွင်ပြင်ကို အလှပဆုံး ဖြစ်စေချင်ကြတာပါပဲ။ ဒါ့ကြောင့် မိဘတေွအနေနဲ့ မိခင်လောင်းရဲ့ ဝမ်းဗိုက်ထဲမှာ သန္ဓေတည်နေတဲ့ ရင်သေွးငယ်လေးရဲ့ ရုပ်ရည်သွင်ပြင်ကို ဘယ်အရာက အဓိကသက်ရောက်စေမှာလဲ? ဘယ်လု်အရာတေွက ပြောင်းလဲသွားစေမှာလဲ ဆိုတာ သိရှိထားဖို့ လိုအပ်ပါတယ်။
သားသမီးဆိုတာ မိဘနှစ်ပါးလုံးရဲ့ မျိုးရိုးဗီဇ ပေါင်းစပ်ပြီးမှ ရရှိလာတာဖြစ်တာကြောင့် မိဘနှစ်ပါးရဲ့ ရုပ်ရည်ဟာ ရင်သေွးငယ်ပေါ်မှာ အဓိကသက်ရောက်မှု ရှိနေပါတယ်။ ဒါက အရေးပါဆုံး အချက်လို့ ပြောရပါမယ်။ ဒီနေရာမှာ မိခင်လောင်းအနေနဲ့ ကိုယ်ဝန်ဆောင်ကာလမှာ အယ်လ်ကိုဟောပါဝင်မှုမြင့်မားတဲ့ အရက်တေွကို သောက်သုံးမိခဲ့မယ်ဆိုရင် မေွးဖွားလာတဲ့ ကလေးငယ်မှာ မျက်လုံးပေါက်ကျဉ်းခြင်းနဲ့ နှုတ်ခမ်းပါးလျခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်ကာလမှာ မိခင်လောင်းအနေနဲ့ ဖောလစ်အက်ဆစ်ဓာတ် လိုအပ်ပါတယ်။ ဖောလစ်အက်ဆစ်ဟာ သန္ဓေသားရဲ့ ကျောရိုးတည်ဆောက်ပုံနဲ့ တိုက်ရိုက်ဆက်နွယ်နေတာကြောင့် မိခင်လောင်းရဲ့ ဖောလစ်အက်ဆစ်ဓာတ် စားသုံးမှု ပမာဏပေါ်မူတည်ပြီး ကလေးငယ်ရဲ့ ရုပ်ရည်သွင်ပြင်ဟာလည်း ပြောင်းလဲမှု ရှိနိုင်ပါတယ်။
မိခင်လောင်းရဲ့ နေထိုင်မှုပုံစံဟာလည်း ရင်သေွးငယ်ရဲ့ ရုပ်ရည်နဲ့ သက်ဆိုင်နေပြန်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ပြုလုပ်ပြီး ကျန်းမာရေးလိုက်စားတဲ့ မိခင်လောင်းတေွရဲ့ မေွးလာတဲ့ သားသမီးတေွဟာ များသောအားဖြင့် ရုပ်ရည်တည်ကြည်မှု ရှိတာကို တေွ့ရပါလိမ့်မယ်။
ကိုယ်ဝန်ဆောင်ကာလမှာ ကော်ဖီအများအပြား သောက်သုံးခဲ့မယ်ဆိုရင် မေွးလာတဲ့ကလေးမှာ အရွယ်အစားသေးငယ်ခြင်း ၊ ကိုယ်အလေးချိန်မပြည့်ဝခြင်းတို့ ဖြစ်ပွားနိုင်ပါတယ်။ မိခင်လောင်းတေွအနေနဲ့ အလွယ်တကူ လုပ်ဆောင်နိုင်မယ့် အချက်ကတော့ နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတေွ့ခြင်းပါပဲ။ နေရောင်ခြည်ကရတဲ့ ဗီတာမင်Dကြောင့် ကလေးငယ်မှာ ကျန်းမာသန်းစွမ်းတဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်နိုင်စေမှာ ဖြစ်ပါတယ်။
HYA (kyarlay)