ပထမကလေးမေွးဖွားပြီးချိန်မှ နောက်ကိုယ်ဝန်ကြား ကွာခြားချိန်ကို သားဆက်ခြားတယ်လို့ ခေါ်ပါတယ်။ သားဆက်ခြားချိန်ဟာ မိခင်နဲ့ကလေးကျန်းမာရေးအပေါ် များစွာသော အကျိုးသက်ရောက်မှုတေွ ရှိနိုင်ပါတယ်။ သားဆက်၆လထက်နီးရင် ကလေးပျက်ရန်၃ဆခန့် ၊ ပေါင်မပြည့် ၊ လမစေ့ဘဲမေွးရန် ၂ဆခန့်ပိုများပြီး မိခင်သေပျောက်နှုန်းမှာလည်း ၂ဆခွဲခန့် ပိုများကြောင်း သုတေသနပညာရှင်တေွက လေ့လာတေွ့ရှိထားပါတယ်။
သားဆက်၆လနဲ့အထက်ကျော်သွားရင်တော့ အထက်မှာဖော်ပြခဲ့တဲ့ ကိန်းဂဏန်းတေွ တဖြည်းဖြည်းလျော့လာတာကို တေွ့ရပါတယ်။ ၅နှစ်ထက် ကျော်သွားပြန်ရင်လည်း ကိုယ်ဝန်ဆိပ်တက်နှုန်းတေွ များလာတတ်ပါတယ်။ နောက်တေွ့ရှိချက်တစ်ခုကတော့ သားဆက်၂၄လ (၂နှစ်)ထက်နီးရင် ဒါမှမဟုတ် ၆၀လ (၅နှစ်) ထက်ဝေးရင် မေွးကင်းစကလေးနဲ့ ၁နှစ်အောက်ကလေး သေဆုံးမှုများပါတယ်။
သားဆက်၃၆လ (၃နှစ်)အထက်နီးရင် ကလေးဘဝတွင် အာဟာရချို့တဲ့ခြင်း ၊ အရပ်ပုခြင်း ၊ ပေါင်ချိန်နည်းခြင်းဖြစ်တတ်ကြောင်း တေွ့ရှိထားပါတယ်။ ကလေးပျက်ပြီး ၊ ကလေးဖျက်ပြီး ၆လအတွင်း ကိုယ်ဝန်ပြန်ရရင်တော့ လမစေ့ဘဲ ကလေးမေွးခြင်း ၊ ပေါင်မပြည့်သော ကလေးမေွးခြင်း ၊ ရေမြွာစောစောပေါက်ခြင်းများ ပိုဖြစ်တတ်ကြပါတယ်။
ဒီတေွ့ရှိချက်တေွကို အခြေခံပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ၂၀၀၆ခုနှစ်မှာ ကလေးမေွးပြီး ၂၄လနဲ့ ကလေးပျက်ပြီး ၆လတော့ သားဆက်ခြားသင့်ကြောင်း လမ်းညွှန်းထားခဲ့ပါတယ်။ သားဆက်ဘယ်လောက်ခြားမလဲဆိုတာဟာ ဖေဖေ ၊ မေမေတို့ ကိုယ်တိုင်ကိုယ်ကျ ဆုံးဖြတ်ရမယ့် အရာတစ်ခုဖြစ်တာကြောင့် အထက်ပါအချက်တေွကို သိရှိထားဖို့လိုအပ်ပါတယ်။
ဘယ်လောက်ခြားမယ်ဆိုတာ ဆုံးဖြတ်ပြီးတာနဲ့ ဘယ်လိုနည်းလမ်းတေွရှိမလဲ ၊ ဘယ်နည်းလမ်းကိုရေွးချယ်မလဲ ၊ မေမေ့ကျန်းမာရေးအရ သင့်တော်တဲ့နည်း ဘာတေွရှိလဲဆိုတာ တတ်ကျွမ်းတဲ့ ဆရာဝန်တေွနဲ့ တိုင်ပင်ရပါမယ်။ ကိုယ်နဲ့သင့်တော်တဲ့နည်းတေွထဲကမှ အဆင်အပြေဆုံးဖြစ်မယ်လို့ ယူဆရတဲ့ နည်းကို ကိုယ်တိုင်ရေွးချယ်ခြင်းက အကောင်းဆုံးသားဆက်ခြားနည်း တစ်ခုပဲဖြစ်ပါတယ်။
HYA (kyarlay)