အမျိုးသမီးတစ်ယောက်ဟာ သူချစ်ရတ ချစ်သူကောင်လေးထံကနေ ဂရုစိုက်ကြင်နာမှုတေွ ၊ မမေှျာ်လင့်ထားတဲ့ လက်ဆောင်တေွ ၊ ရိုမန့်တစ်ဆန်တဲ့ အပြုအမူတေွကို သမီးရည်းစားဘဝမှာတင်မက အိမ်ထောင်သည်ဘဝ ရောက်သည်အထိတိုင် မေှျာ်လင့်တောင့်တ တတ်ကြပါတယ်။ ဒါဟာကိုယ်ကိုယ်တိုင်အတွက်ရော ဘေးကမြင်နေရသူတေွအတွက်ပါ ပျော်ရွှင်ကြည်နူးမှုတေွ ရရှိစေနိုင်ပါတယ်။
ဒါပေမယ့် တစ်ချို့သောအမျိုးသမီးတေွကတော့ ရိုမန့်တစ်ဆန်တယ်ဆိုတာ ဘာမှန်းမသိပါဘူး။ ခင်ပွန်းဖြစ်သူက ချစ်လွန်းလို့ ရိုမန့်တစ်ဆန်ဆန် အပြုအမူတေွ ပြုလုပ်လာခဲ့ရင်တောင်မှ မသိကျိုးကျွံပြု အပိုအလုပ်တေွလို့ သတ်မှတ်ကာ အပြစ်တင်တတ်ကြပါသေးတယ်။ ဒီလိုအမျိုးသမီးတေွရဲ့ အပြုအမူတေွဟာ အိမ်ထောင်ရေးအက်ကြောင်းတေွ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါ့ကြောင့် အမျိုးသမီးများ ကိုယ့်ကိုယ်ကို ပြန်လည်ဆန်းစစ်နိုင်စေဖို့ ရိုမန့်တစ်မဆန်တတ်တဲ့ အမျိုးသမီးတေွရဲ့ စရိုက်လက္ခဏာများကို ဖော်ပြပေးလိုက်ပါတယ်။
အဲ့လိုမျိုး အမျိုးသမီးတေွဟာ ချစ်သူက ဖန်တီးပေးတဲ့ အသေးအဖွဲလေးတေွကို တန်ဖိုးမထားတတ်ကြပါဘူး။ မေွးနေ့မှာ ချစ်သူက အမှတ်တရ လက်ဆောင်ပန်းစည်းအကြီးကြီး ဝယ်လာပေးတာကိုလည်း သင့်အနေနဲ့ ပိုက်ဆံဖြုန်းတာသက်သက်ပဲလို့ မြင်ပါလိမ့်မယ်။ ရုပ်ရှင်ရုံထဲမှာ ချစ်သူက သင့်ရဲ့လက်ဖဝါးလေးကို ဆုပ်ကိုင်ထားမယ်။ ဒါကိုသင်က ပြန်ဖြုတ်ပြီး ရုပ်ရှင်နဲ့ စားစရာမုန့်တေွအပေါ်မှာပဲ အာရုံရောက်နေပြန်ပါတယ်။
ချစ်သူကအိမ်ကို သင်လိုချင်နေတဲ့ လက်ဆောင်ပစ္စည်းလေးတေွ ဝယ်ပြီးရောက်လာမယ်။ သင်ကတော့ တီဗွီအကြည့်မပျက်ပါဘူး။ ဖယောင်းတိုင်မီးမှိန်မှိန်လေး ထွန်းထားတဲ့ စားသောက်ဆိုင်မှာ ချစ်သူက ညစာစားဖို့ ခေါ်ဆောင်သွားပေမယ့်လည်း သင်ကတော့ ဒါကို ဆယ်ကျော်သက်တေွ လုပ်တဲ့အရာလို့ မြင်နေပါတယ်။
နောက်ဆုံး ချစ်သူက သင့်အတွက် ပြုလုပ်ပေးလာတဲ့ အရာတေွကို တိုက်ရိုက်ငြင်းဆန်တတ်ခြင်းက ရိုမန့်တစ်မဆန်တတ်တဲ့ အမျိုးသမီးတေွရဲ့ စရိုက်လက္ခဏာတေွှဖစ်ပြီး အချိန်လာတာနဲ့အမှျ အိမ်ထောင်ရေးမသာယာမှုများ ခံစားလာရနိုင်ပါတယ်။
HYA (kyarlay)