အရွယ်မရောက်သေးတဲ့ သားသမီးတေွကို အရိပ်တကြည့်ကြည့် ဂရုစိုက်ကြည့်နေတတ်တဲ့ မိဘတေွ (အထူးသဖြင့် မိခင်တေွ) ဟာ ကလေး ကိုယ်အပူချိန်တက်လာပြီးတော့ ဖျားသလို ဖြစ်လာတဲ့အခါ စိုးရိမ်စိတ်နဲ့ ကယောင်ကတမ်း ပြုလုပ်မိတတ်တဲ့ အမှားတေွ ရှိပါတယ်။ ဒီလိုမျိုး အမှားမှန်း မသိပဲ လုပ်မိတတ်တာတေွကြောင့် ကလေးက မသက်သာပဲ အခြေအနေပိုဆိုးလာတာမျိုးအထိ ဖြစ်လာတတ်ပါတယ်။ ကလေးအထူးကု ဆရာဝန်များရဲ့ အဆိုအရ ကလေးတေွရဲ့ကိုယ်အပူရှိန်တက်လာခြင်းဟာ ပုံမှန်အားဖြင့်တော့ ရောဂါတစ်ခုခုရဲ့ ရေှ့ပြေးနိမိတ် လက္ခဏာသာဖြစ်ပြီး ရောဂါစစ်စစ်တော့ မဟုတ်သေးဘူးလို့ပဲ ဆိုပါတယ်။ တစ်နည်းအားဖြင့် အခုလို ကိုယ်ပူတာဟာ ဗိုင်းရပ်ကူးစက်ခံရမှုကို ကလေးရဲ့ခန္ဓာကိုယ်က ပြန်လည်တွန်းလှန်တာဖြစ်လို့ ကောင်းမွန်တဲ့ တုံ့ပြန်မှုလက္ခဏာလို့တောင် ဆိုပါတယ်။ ဒါအပြင် ကလေးဟာ ကိုယ်ပူနေလျက်နဲ့ စားမြဲတိုင်း စားနေတယ်၊ နေမြဲအတိုင်းနေ နေတယ်ဆိုရင် မိဘတေွအနေနဲ့ အရမ်းစိုးရိမ်မကြီးဖို့ သတိပေးထားပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ကူးစက်ခံနေရတာတေွကို ကလေးရဲ့ ခုခံအားကနေ ခပ်မြန်မြန်ပဲ အလိုလို မောင်းထုတ်နိုင်မယ်လို့ ဆိုပါတယ်။
ဒါကြောင့် ကလေးကိုယ်ပူလာတဲ့အခါ စိတ်ပူလွန်းသွားပြီးတော့ မိဘတေွအနေနဲ့ လုပ်လေ့ရှိတဲ့ (မလုပ်သင့်တဲ့) အချက် (၅)ချက်ကို မပြုလုပ်ကြဖို့အတွက် အခုလိုပဲ ဖော်ပြပေးလိုက်ပါတယ်။ ထိုအချက်တေွက ဘာတေွလဲဆိုတော့
၁။ ကိုယ်ပူကျ စတစ်ကာ/ပလာစတာကပ်ခြင်း
--------------------------------------------------
ကလေးကိုယ်ပူလာတဲ့အခါ ၉၉% သော မိခင်တေွ ပထမဦးဆုံး လုပ်လေ့လုပ်ထရှိတာက ကလေးရဲ့နဖူးမှာ ကိုယ်ပူကျ စတစ်ကာကပ်ပေးတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဒီလိုလုပ်တာဟာ ငေွကုန်တာပဲရှိပြီးတော့ လက်တေွ့မှာ ဘာအကျိုးမှ မရှိဘူးဆိုတာကို သိတဲ့သူ နည်းပါတယ်။ ဒီထက်ပိုတာက ကိုယ်ပူကျ စတစ်ကာတေွဟာ ကလေးအတွက် တစ်နည်းနည်းနဲ့ အန္တရာယ်ရှိကောင်း ရှိနေနိုင်တာပါပဲ။
၂။ ရေခဲပတ်တိုက်ပေးခြင်း
-----------------------------
ရေခဲပတ်/ရေဝတ်တိုက်ပေးခြင်းဆိုတာက ကလေးအတွက် အန္တရာယ်ရှိနေနိုင်တယ်ဆိုတာကို သိတဲ့ မိဘက နည်းနည်းလေးပဲ ရှိပါတယ်။ ရေခဲပတ်တိုက်ပေးခြင်းကြောင့် ကလေးမှာ အအေးကိုက်ခဲဒဏ်ခံရနိုင်ပြီးတော့ အသက်ရှုရ ခက်ခဲလာနိုင်ပါတယ်။ ပိုဆိုးတာကတော့ အဆုတ်ရောင်ရောဂါလိုမျိုး အဖျားပိုးဝင်နေတာမျိုးဆိုရင် ရေခဲပတ်တိုက်ပေးခြင်းက ရောဂါပိုးကို အခြေအနေပိုဆိုးသွားအောင် ဆွပေးသလိုပဲ ဖြစ်သွားတတ်ပါတယ်။
၃။ ဆေးတေွ ကြိုမတိုက်ပါနဲ့
-------------------------------
အကယ်၍ ကလေးရဲ့ ကိုယ်အပူချိန်ဟာ ၃၈.၅ ဒီဂရီအောက်မှာပဲ ရှိနေတယ်ဆိုရင် မိဘတေွအနေနဲ့ ကလေးဖျားနာတဲ့အခါ သောက်တဲ့ဆေးတေွကို မိမိသဘောနဲ့ မိမိ မတိုက်ပါနဲ့။ ဒီလိုမျိုး ဆေးတေွှကိုတိုက်တာက ဆရာဝန်တေွအနေနဲ့ ကလေးကို ရောဂါရှာဖေွတဲ့အခါ အခက်အခဲ တေွ့စေပါတယ်။
၄။ တံခါးတေွ၊ လေဝင်လေထွက်ပေါက်တေွ ပိတ်ထားခြင်း
--------------------------------------------------------------
ကလေး ကိုယ်ပူရှိန်မြင့်ပြီး ဖျားနေတဲ့အခါ လေစိမ်းတေွ ထိမှာစိုးရိမ်ပြီးတော့ မိဘတေွအနေနဲ့ အခန်းကို အလုံပိတ်ထား တတ်ကြပါတယ်။ ဒါဟာ တကယ်တော့ လုံးဝ မှားယွင်းတဲ့ အယူအဆပဲ ဖြစ်ပါတယ်။ ခြုံစောင်နဲ့ အလုံထုတ်ပြီး ပတ်ထားတာ၊ ပြတင်းတေွ ပိတ်ထားတာတေွကို မလုပ်ပါနဲ့။ အိမ်ထဲမှာ လေဝင်လေထွက်ကောင်းအောင်ပဲ ဖန်တီးပါ။ ဒီလိုလုပ်ခြင်းအားဖြင့် ကလေးက အအေးဓါတ်ရပြီး ကိုယ်အပူကျကာ ခန္ဓာကိုယ် နေွးထေွးလာပါလိမ့်မယ်၊ ဒီလိုမှမဟုတ်ပဲ ပြောင်းပြန်တေွ လုပ်မိမယ်ဆိုရင်တော့ ကလေးက အဖျားတေွ ပိုတက်လာနိုင်ပါတယ်။
၅။ အစာရေှာင်ခြင်း
---------------------
ကလေးနေပြန်ကောင်းလာဖို့အတွက် ဆရာဝန်ညွှန်ကြားထားတဲ့ သင့်လျေှာ်တဲ့ အစားအစာတေွကို ဂရုတစိုက်ကျေွးဖို့အတွက် မိဘတေွမှာ တာဝန်ရှိပါတယ်။ ဖြစ်တတ်တာက ကလေးက မစားချင်ဘူးလို့ ငြင်းတဲ့အခါ မိဘတေွက အလိုလိုက်ပြီးတော့ အခြားအရာတေွ ကျေွးတာမျိုးလည်း ရှိတတ်ပါတယ်။ ဒါကြောင့် ကလေးမစားချင်တဲ့ အရာကို ဇွတ်အတင်းကျေွးတာမျိုး မလုပ်မိဖို့ ၊ ဒါအပြင် အလားတူ အဟာရပါတဲ့ အစားအစာမျိုးနဲ့ ကလေးစားချင်လာအောင် ပြန်လည်အစားထိုး ကျေွးဖို့အတွက်လည်း လိုအပ်ပါတယ်။ ဒါမှသာ ကလေးက အမြန်ဆုံး ပုံမှန်ပြန်လည် ကောင်းမွန်စွာ ကျန်းမာလာမှာပဲ ဖြစ်ပါတယ်။ မည်သို့ပင် ဖြစ်စေကာမူ ကလေးက ရုတ်တရက် ကိုယ်ပူပြီးတော့ အဖျားဝင်တဲ့အခါ မိဘတေွအနေနဲ့ စိတ်ပူလွန်သွားပြီးတော့ အမှားတေွမလုပ်မိဖို့ ၊ ပြီးရင် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့သာ ကလေးကို သေသေချာချာ စစ်ဆေးပြသဖို့အတွက် မိုမိုလေးမှ တိုက်တွန်းလိုက်ရပါတယ်။
#Ref( ဒေါက်တာ စိုးဝင်း - ကလေးငယ်နဲ့ ဖျားနာခြင်းဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)