သင်ဟာ မိတ်ကပ်လိမ်းခြယ်ရတာ ဝါသနာပါသူလား? အလှအပရေးရာကို စိတ်ဝင်စားပြီး ကိုယ့်ကိုယ်ကို ပြင်ဆင်ခြယ်သနေရတာကို နှစ်သက်သူလား? ဒါဆိုရင်တော့ သင့်အနေနဲ့ ကိုယ်ဝန်ဆောင်ကာလမှာလည်း ဒီအကျင့်ကို သေချာပေါက်စွန့်လွှတ်နိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် သင့်အနေနဲ့ ကိုယ်ဝန်ရချိန်မှာ မိတ်ကပ်လိမ်းခြင်းကြောင့် တစ်စုံတစ်ရာ ထိခိုက်မှုရှိနိုင်သလားဆိုတဲ့အရာကို စိုးရိမ်နေရင် သေသေချာချာ သိရှိထားဖို့ လိုပါပြီ။
မိမိကိုယ်ကို ယုံကြည်မှုရှိဖို့အတွက် မိတ်ကပ်ပြင်ဆင်ခြယ်သတယ်ဆိုတာ ကောင်းမွန်ပါတယ်။ ဒါဆို ကိုယ်ဝန်ဆောင်ကာလမှာရော။ ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ အမျိုးသမီးတေွရဲ့ ဟော်မုန်းပြောင်းလဲမှုတေွကြောင့် သူတို့ရဲ့ အသားအရေဟာလည်း ယခင်ကနဲ့မတူ ပြောင်းလဲမှုတေွ ရှိလာပါတယ်။
အမျိုးသမီးသုံး အလှကုန်ပစ္စည်းအများစုမှာ အသားအရေကို အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတုဓာတ်ပစ္စည်းတေွ ပါဝင်နေတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ကိုယ်ဝန်ဆောင်ကာလမှာ မကြာခဏ မိတ်ကပ်လိမ်းခြင်းဟာ မိခင်လောင်းတေွအတွက် သင့်တော်သလားဆိုတာ သံသယဝင်စရာ ကောင်းလာခဲ့ပါတယ်။
ကိုယ်ဝန်ဆောင်ကာလမှာ အရေပြားကျန်းမာရေး ဘေးကင်းလုံခြုံမှုရှိစေဖို့အတွက် မိမိအသုံးပြုတဲ့ အလှကုန်ထဲမှာ ဗီတာမင်အေနဲ့ ဗီတာမင်ကေတို့ မပါဝင်တဲ့ ပစ္စည်းများကိုသာ ရေွးချယ်အသုံးပြုသင့်ပါတယ်။ ကိုယ်ဝန်ပထမသုံးလပတ်မှာ သန္ဓေသားကို ထိခိုက်မှု မရှိစေဖို့ လက်သည်းဆိုးဆေးနဲ့ ဆံပင်ဆိုးဆေးတို့ကို ရေှာင်ရှားသင့်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ အလှကုန်ပစ္စည်းတေွ လုံးဝအသုံးမပြုတာက အကောင်းဆုံးပါပဲ။ အရေပြားကျန်းမာရေး ဆရာဝန်တေွကတော့ အလှကုန်ပစ္စည်းတေွကို မဖြစ်မနေ အသုံးပြုရတော့မယ်ဆိုရင် လေဝင်လေထွက် ကောင်းမွန်တဲ့ နေရာမျိုးမှာသာ အသုံးပြုသင့်ကြောင်း အကြံပြုထားခဲ့ပါတယ်။
HYA (kyarlay)