Kyarlay.com

almost 2 years

ကေလးငယ္ေတြကို အာဟာရျပည့္၀ေအာင္ ဘယ္လိုေကၽြးမလဲ


Zmzbrwmwlfq6paakccvm

ေမေမတို႕ေရ ေဘဘီေလးေတြ ေမြးစကေန ၆ လအထိ မိခင္ႏို႕တစ္မ်ဳိးတည္းကိုသာ တိုက္ေကၽြးၿပီး ၆ လေက်ာ္သြားတဲ့အခါမွာေတာ့ ျဖည့္စြက္စာေတြစတင္ေကၽြးေတာ့မယ္ဟုတ္။ ျဖည့္စြက္စာေကၽြးေတာ့မယ္ဆိုရင္ေတာ့ ေဘဘီေလးေတြကို အာဟာရျပည့္၀ေစဖို႕အတြက္ ေမေမတို႕က စီမံခန္႕ခြဲေပးရေတာ့မယ္ေနာ္။ ေမေမတို႕ေရ သားသားမီးမီးေလးေတြ အာဟာရျပည့္၀ေစဖို႕အတြက္ အသက္ ၆ လျပည့္ၿပီးတဲ့အခါ မိခင္ႏို႕အပါအ၀င္ ေပ်ာ့တဲ့အစားအစာေတြ၊ ဆန္ျပဳတ္၊ ထမင္းေပ်ာ့ေပ်ာ့၊ ပဲ (ဒါမွမဟုတ္) ငါး (ဒါမွမဟုတ္) အသားတစ္မ်ဳိးမ်ဳိးကို အခ်ဳိးအေနနဲ႕ (၄ : ၁) အေနနဲ႕ ေကၽြးသင့္ပါတယ္။ ခ်ဳက္ျပဳတ္တဲ့အခါမွာေတာ့ ဆီကိုဇြန္းအေသးေလးနဲ႕ တစ္ဇြန္းေလာက္သာ ထည့္သင့္ပါတယ္ေနာ္။



Pey3qkh54fvhwou1ruu1

အသက္ ၁ ႏွစ္ကေန ၂ ႏွစ္ၾကားေရာက္သြားၿပီဆိုရင္ေတာ့ မိခင္ႏုိ႕အျပင္ အပူ၊ အစပ္ေတြကလြဲၿပီး မိသားစုေတြစားသလို ေကၽြးလို႕ရပါၿပီေနာ္။ ထမင္းကို ၂ ႀကိမ္ကေန ၃ ႀကိမ္ေကၽြးႏိုင္သလို ျဖည့္စြက္စာေတြ၊ ဘိန္းမုန္႕၊ မုန္႕စိမ္းေပါင္းလိုမုန္႕ေတြကိုလည္း ၾကားအခ်ိန္ေတြမွာ ေကၽြးေမြးလို႕ရႏိုင္ပါၿပီ။ အဲ့ဒီေနာက္ အသက္ ၂ ႏွစ္အထက္ဆိုရင္ေတာ့ ထမင္းနဲ႕ ပဲဟင္း (ဒါမွမဟုတ္) ထမင္းနဲ႕ အသား (ဒါမွမဟုတ္) ထမင္းနဲ႕ ငါးကေလးစတဲ့ ကေလးငယ္ႀကိဳက္ႏွစ္သက္ရာကို ေကၽြးေမြးႏိုင္ပါတယ္။ ကေလးငယ္အာဟာရျပည့္၀ဖို႕ကိုေတာ့ ထမင္းနဲ႕ဘဲဥကို မၾကာခဏေကၽြးေပးရမွာျဖစ္ၿပီး တစ္ရက္ကို သံုးႀကိမ္ေလာက္ေတာ့ ေကၽြးေပးဖို႕ လိုအပ္ပါတယ္။


Wjyexcspxikdjka3p4io

ေနာက္ထပ္တစ္ခုအေနနဲ႕ကေတာ့ ေဘဘီေလးေတြကို ဖီးၾကမ္းငွက္ေပ်ာသီးမွည့္ကို ေခ်ၿပီးေတာ့လည္း ေကၽြးႏိုင္ပါတယ္။ တစ္ေန႕ကို ႏွစ္ႀကိမ္ကေန သံုးႀကိမ္အထိ ေကၽြးႏိုင္ၿပီး တစ္ႀကိမ္တည္းမ်ားမ်ားမဟုတ္ဘဲ နည္းနည္းစီခြဲၿပီးေကၽြးသင့္ပါတယ္ေနာ္။ ေမေမတို႕ေရ အသက္ ၆ လကေန ၁ ႏွစ္ၾကား ကေလးငယ္ေတြကို မိခင္ႏို႕သာမက ထမင္းေပ်ာ့ေပ်ာ့ကို ဆီဆမ္းၿပီး ငါး (ဒါမွမဟုတ္) ပဲတစ္မ်ဳိးမ်ဳိးထည့္ၿပီး ေကၽြးသင့္ပါတယ္။ တစ္ရက္ကို ၂ ႀကိမ္ကေန ၃ ႀကိမ္အထိ ေကၽြးႏိုင္ၿပီး ငွက္ေပ်ာသီး၊ သရက္သီး၊ သေဘၤာသီးမွည့္လို အသီးတစ္မ်ဳိးမ်ဳိးကိုလည္း ေကၽြးႏိုင္ပါတယ္ေနာ္။


Xzdrqimff3b9ekfhffsp

ေမမတို႕ေရ ကေလးေတြက အသက္ ၆ လေနာက္ပိုင္းဆိုရင္ မိခင္ႏို႕တစ္မ်ဳိးတည္းနဲ႕ မလံုေလာက္ေတာ့ဘူူးေလ။ အဲ့ဒါေၾကာင့္လည္း ျဖည့္စြက္စာေတြ၊ အာဟာရျဖစ္ေစမယ့္အစားအစာေတြကို ေမေမတို႕က ဂရုတစိုက္နဲ႕ စနစ္ခ်ၿပီးေကၽြးေပးပါေနာ္။ တကယ္လို႕ ေဘဘီေတြ ေနမေကာင္းတာ၊ ဖ်ားတာ၊ ၀မ္းသြားတာမ်ဳိးျဖစ္တယ္ဆိုရင္လည္း အစာကို ျဖတ္မပစ္ဘဲ ေပ်ာ့တဲ့အစာ၊ ေၾကလြယ္တဲ့အစာနဲ႕ ဓာတ္ဆားေတြကို တိုက္ေကၽြးေပးပါေနာ္။ ေမေမတို႕အားလံုး သားသားမီးမီးတို႕အတြက္ အေကာင္းမြန္ဆံုးေတြကို ေပးစြမ္းႏိုင္ပါေစေနာ္။

Ref; ေမ့ရင္ေသြးမဂၢဇင္း( ေဒါက္တာအိအိခင္(ကေလး) ေရးသားသည့္ေဆာင္းပါးမွ ေကာက္ႏုတ္ခ်က္)

>>>> Unicode Version <<<<


Ow9ypzn3w9632bfncsji

ကလေးငယ်တွေကို အာဟာရပြည့်ဝအောင် ဘယ်လိုကျွေးမလဲ

မေမေတို့ရေ ဘေဘီလေးတွေ မွေးစကနေ ၆ လအထိ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးပြီး ၆ လကျော်သွားတဲ့အခါမှာတော့ ဖြည့်စွက်စာတွေစတင်ကျွေးတော့မယ်ဟုတ်။ ဖြည့်စွက်စာကျွေးတော့မယ်ဆိုရင်တော့ ဘေဘီလေးတွေကို အာဟာရပြည့်ဝစေဖို့အတွက် မေမေတို့က စီမံခန့်ခွဲပေးရတော့မယ်နော်။ မေမေတို့ရေ သားသားမီးမီးလေးတွေ အာဟာရပြည့်ဝစေဖို့အတွက် အသက် ၆ လပြည့်ပြီးတဲ့အခါ မိခင်နို့အပါအဝင် ပျော့တဲ့အစားအစာတွေ၊ ဆန်ပြုတ်၊ ထမင်းပျော့ပျော့၊ ပဲ (ဒါမှမဟုတ်) ငါး (ဒါမှမဟုတ်) အသားတစ်မျိုးမျိုးကို အချိုးအနေနဲ့ (၄ : ၁) အနေနဲ့ ကျွေးသင့်ပါတယ်။ ချုက်ပြုတ်တဲ့အခါမှာတော့ ဆီကိုဇွန်းအသေးလေးနဲ့ တစ်ဇွန်းလောက်သာ ထည့်သင့်ပါတယ်နော်။

နောက်ထပ်တစ်ခုအနေနဲ့ကတော့ ဘေဘီလေးတွေကို ဖီးကြမ်းငှက်ပျောသီးမှည့်ကို ချေပြီးတော့လည်း ကျွေးနိုင်ပါတယ်။ တစ်နေ့ကို နှစ်ကြိမ်ကနေ သုံးကြိမ်အထိ ကျွေးနိုင်ပြီး တစ်ကြိမ်တည်းများများမဟုတ်ဘဲ နည်းနည်းစီခွဲပြီးကျွေးသင့်ပါတယ်နော်။ မေမေတို့ရေ အသက် ၆ လကနေ ၁ နှစ်ကြား ကလေးငယ်တွေကို မိခင်နို့သာမက ထမင်းပျော့ပျော့ကို ဆီဆမ်းပြီး ငါး (ဒါမှမဟုတ်) ပဲတစ်မျိုးမျိုးထည့်ပြီး ကျွေးသင့်ပါတယ်။ တစ်ရက်ကို ၂ ကြိမ်ကနေ ၃ ကြိမ်အထိ ကျွေးနိုင်ပြီး ငှက်ပျောသီး၊ သရက်သီး၊ သင်္ဘောသီးမှည့်လို အသီးတစ်မျိုးမျိုးကိုလည်း ကျွေးနိုင်ပါတယ်နော်။

အသက် ၁ နှစ်ကနေ ၂ နှစ်ကြားရောက်သွားပြီဆိုရင်တော့ မိခင်နို့အပြင် အပူ၊ အစပ်တွေကလွဲပြီး မိသားစုတွေစားသလို ကျွေးလို့ရပါပြီနော်။ ထမင်းကို ၂ ကြိမ်ကနေ ၃ ကြိမ်ကျွေးနိုင်သလို ဖြည့်စွက်စာတွေ၊ ဘိန်းမုန့်၊ မုန့်စိမ်းပေါင်းလိုမုန့်တွေကိုလည်း ကြားအချိန်တွေမှာ ကျွေးမွေးလို့ရနိုင်ပါပြီ။ အဲ့ဒီနောက် အသက် ၂ နှစ်အထက်ဆိုရင်တော့ ထမင်းနဲ့ ပဲဟင်း (ဒါမှမဟုတ်) ထမင်းနဲ့ အသား (ဒါမှမဟုတ်) ထမင်းနဲ့ ငါးကလေးစတဲ့ ကလေးငယ်ကြိုက်နှစ်သက်ရာကို ကျွေးမွေးနိုင်ပါတယ်။ ကလေးငယ်အာဟာရပြည့်ဝဖို့ကိုတော့ ထမင်းနဲ့ဘဲဥကို မကြာခဏကျွေးပေးရမှာဖြစ်ပြီး တစ်ရက်ကို သုံးကြိမ်လောက်တော့ ကျွေးပေးဖို့ လိုအပ်ပါတယ်။

မေမတို့ရေ ကလေးတွေက အသက် ၆ လနောက်ပိုင်းဆိုရင် မိခင်နို့တစ်မျိုးတည်းနဲ့ မလုံလောက်တော့ဘူူးလေ။ အဲ့ဒါကြောင့်လည်း ဖြည့်စွက်စာတွေ၊ အာဟာရဖြစ်စေမယ့်အစားအစာတွေကို မေမေတို့က ဂရုတစိုက်နဲ့ စနစ်ချပြီးကျွေးပေးပါနော်။ တကယ်လို့ ဘေဘီတွေ နေမကောင်းတာ၊ ဖျားတာ၊ ၀မ်းသွားတာမျိုးဖြစ်တယ်ဆိုရင်လည်း အစာကို ဖြတ်မပစ်ဘဲ ပျော့တဲ့အစာ၊ ကြေလွယ်တဲ့အစာနဲ့ ဓာတ်ဆားတွေကို တိုက်ကျွေးပေးပါနော်။ မေမေတို့အားလုံး သားသားမီးမီးတို့အတွက် အကောင်းမွန်ဆုံးတွေကို ပေးစွမ်းနိုင်ပါစေနော်။

(မေ့ရင်သွေးမဂ္ဂဇင်းပါ ဒေါက်တာအိအိခင်(ကလေး) ရေးသားသည့်ဆောင်းပါးမှ ကောက်နုတ်ချက်)

မိခင်နဲ့ရင်သွေးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)