မိမိရင်နဲ့လွယ်ပြီးမေွးဖွားလိုက်တဲ့ ရင်သေွးငယ်လေး ကျန်းမာသန်စွမ်းနေဖို့ဆိုတာ မိခင်တိုင်းရဲ့ အိပ်မက်ပါ။ ကလေးဘာကို အလိုရှိနေသလဲ ၊ ဘာလုပ်ပေးရမလဲဆိုပြီး အမြဲစောင့်ကြည့်နေတတ်တာ သားသမီးအပေါ်ထားရှိတဲ့ မိဘမေတ္တာပါပဲ။ ဗိုက်ဆာနေမလား ၊ အိပ်ချင်နေပြီလား ၊ ကလေးဆီးခံဘောင်းဘီလဲဖို့ လိုအပ်နေပြီလားဆိုတာ ကလေးရဲ့ အပြုအမူတေွပေါ် ကြည့်ပြီး လုပ်ပေးတတ်ကြပါတယ်။
နောက်ပြီးသင့်ကလေးရဲ့ ကျန်းမာရေးအခြေအနေကိုလည်း အမြဲသိချင်ကြပါတယ်။ ဒါေ့ကြာင့် သင့်ရင်သေွး ကျန်းမာရေးကောင်းမွန်နေကြောင်းကို အလွယ်တကူ သိရှိနိုင်မယ့် လက္ခဏာရပ်များအကြောင်းကို ဖော်ပြပေးသွားပါမယ်။ ကလေးငယ်ဟာ တစ်လသားအရွယ်မှာကတည်းက မျက်လုံးချင်းဆုံကြည့်လို့ ရနေပါပြီ။
၂လသားအရွယ်မှာ စတင်ပြုံးနိုင်မှာဖြစ်ပြီး ၃လသားအရွယ်မှာတင် ပါးစပ်ကနေ ညည်းသံအချို့ပေးနိုင်နေပြီဖြစ်ကာ ၄လသားအရွယ်မှာတော့ ရယ်မောနိုင်နေပါပြီ။ ဒီအဆင့်အတိုင်း သင့်ကလေးမှာ ဖြစ်ပေါ်မယ်ဆိုရင်တော့ ဒါဟာ ကျန်းမာရေးကောင်းမွန်တဲ့ လက္ခဏာတစ်ခုပါပဲ။
သင့်ရဲ့ကလေးဟာ အနီးတစ်ဝိုက်မှာရှိတဲ့ ရေွ့လျားမှုတေွ ၊ အရောင်တေွ ၊ ထူးထူးဆန်းဆန်းပစ္စည်းတေွ ၊ အရုပ်တေွကို စိတ်ဝင်စားကြောင်း ပြသနေပြီဆိုရင်လည်း သင့်ကလေးရဲ့ ကျန်းမာရေးဟာ ကောင်းမွန်နေတယ်လို့ သိထားလိုက်ပါ။ သင့်ရင်သေွးရဲ့ ခန္ဓာကိုယ်အလေးချိန်ဟာ ဖွံ့ဖြိုးမှု မြန်ဆန်ခြင်းဟာလည်း ကျန်းမာရေးကောင်းမွန်ကြောင်း ပြသနေခြင်းပါပဲ။
လျင်မြန်တဲ့ ဇီဝကမ္မဖြစ်စဉ်တေွကြောင့် ဆီးခံဘောင်းဘီတေွ မကြာခဏ လဲပေးနေရမယ် ၊ သင့်ရဲ့ အထိအတေွ့ ဒါမှမဟုတ် အသံကြားတာနဲ့ ချက်ချင်း ငြိမ်သွားမယ်ဆိုရင်လည်း သင့်ကလေးရဲ့ ကျန်းမာရေးအတွက် စိတ်ချထားလို့ရပါပြီ။
HYA (kyarlay)