ရာသီဥတုအနည်းငယ်အေးလာတဲ့အချိန်မှာ ကလေးငယ်တေွ အများဆုံး ကြုံတေွ့လေ့ရှိတာကတော့ နှာရည်ယိုခြင်းပါပဲ။ သူတို့ရဲ့ သေးငယ်တဲ့ နှာခေါင်းပေါက်လေးမှာ ဖြစ်ပေါ်လာတဲ့ နှာရည်တေွကြောင့် အိပ်စက်ခြင်းနဲ့ နို့တိုက်ကျေွးမှု လုပ်ငန်းစဉ်တေွကို ကောင်းကောင်းကြီး အနေှာင့်အယှက်ပေးမှာ ဖြစ်ပါတယ်။ နှာရည်ယိုခြင်းကနေ ရောဂါပိုးများကူးစက်နိုင်ပြီး နာမကျန်းဖြစ်တဲ့အဆင့်ထိတောင် ရောက်ရှိစေနိုင်ပါတယ်။
ဒီလိုအခြေအနေမျိုးမှာ သင့်အနေနဲ့ ကျွမ်းကျင်ဆရာဝန်နဲ့ သွားရောက်ကုသမှုခံယူတာ အကောင်းဆုံးဖြစ်သလို ယခုဖော်ပြပေးမယ့် သဘာဝနည်းလမ်းတေွကို အသုံးပြုပြီးတော့လည်း သင့်ကလေးငယ်ရဲ့ နှာရည်ယိုတဲ့ပြဿနာကို အကောင်းဆုံး ကုစားနိုင်မှာ ဖြစ်ပါတယ်။ နှာရည်စတင်ယိုပြီဆိုတာနဲ့ သင့်ကလေးအသက်ရှူရတာ စတင်ခက်ခဲလာပါပြီ။
သင့်အနေနဲ့ ပထမဦးဆုံး လုပ်ဆောင်ရမှာကတော့ သင့်ကလေးနှာခေါင်းတစ်ဝိုက်က အညစ်အကြေးတေွကို သန့်ရှင်းအောင် ပြလုပ်ရမှာပါ။ ဒီ့အတွက် နေွးနေတဲ့ရေထဲမှာ ဝါဂွမ်းကိုနှစ်ပြီး ဆေးကြောပေးခြင်းက အကောင်းဆုံး နည်းလမ်းတစ်ခုပါပဲ။ ဒါပေမယ့် သင့်ကလေးရဲ့ နှာခေါင်းကို သန့်ရှင်းပေးဖို့ဆိုတာ သိပ်တော့မလွယ်ကူလှပါဘူး။ ကြိုးစားလုပ်ယူပေးရမှာပါ။
သင့်ကလေးက မကြာခဏ နှာရည်ယိုတတ်တယ်ဆိုရင်တော့ တစ်နေ့သုံးကြိမ် ရေနေွးငေွ့ကို ဆယ်မိနစ်ခန့် ရှူခိုင်းရမှာ ဖြစ်ပါတယ်။ မနက်အိပ်ရာထတစ်ကြိမ် ၊ နေ့လည်မအိပ်ခင်တစ်ကြိမ်နဲ့ ညအိပ်ရာဝင်ခါနီးတစ်ကြိမ် ဒီလိုပြုလုပ်ပေးရင် သင့်ကလေးရဲ့ နှာရည်ယိုတဲ့ဝေဒနာ ယူဖြစ်သလို ပျောက်ကင်းသက်သာစေမှာပါ။
သင့်ကလေး အိပ်စက်တဲ့ ခေါင်းအုံးကို သာမန်ထက် ပိုမြှင့်ထားပေးခြင်းကလည်း သဘာဝအကျဆုံး နည်းလမ်းကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ ဖော်ပြခဲ့တဲ့ နည်းလမ်းတေွကို အသုံးပြုပြီးလို့မှ သင့်ကလေးရဲ့ ဝေဒနာမသက်သာဘူးဆိုရင် ဒါဟာ သာမန်နှာရည်ယိုစီးတဲ့ အခြေအနေမဟုတ်တော့တာကြောင့် ကျွမ်းကျင်ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက်ပြသသင့်ပါပြီ။
HYA (kyarlay)