ဘေဘီလေးကနေ အရွယ်ရောက်လာအောင်တဖြည်းဖြည်းနဲ့ ပိုးမေွးသလို မေွးမြူရတာက သိပ်တော့လွယ်လှတယ် မဟုတ်ပါဘူး။ ကိုယ့်ဘဝထဲကို ဘေဘီလေးတစ်ယောက် ရောက်ရှိလာတဲ့အချိန်မှာ မိဘဆိုတဲ့ စိတ်အတိုင်း သားသမီးကို အကောင်းဆုံးတေွကိုပဲ ပေးချင်တဲ့ စိတ်ကူးရှိနေမှာပါ။ ဒီလိုအကောင်းဆုံးတေွကိုပဲ ပေးတဲ့အထဲမှာ အစာအာဟာရတင် မဟုတ်ဘဲ တစ်ခြား အသုံးအဆောင်တေွပါ ပါလာနိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်တော့ တစ်ကိုယ်ရေ သန့်ရှင်းရေးကို ကိုယ့်တိုင်ဂရုမစိုက်နိုင်သေးတဲ့ ဘေဘီလေးတေွအတွက် မရှိမဖြစ် လိုအပ်မယ့် Baby Diaper (သေးခံ) ကို ရေွးချယ်တဲ့အခါ သတိထားသင့်တဲ့ အချက်အချို့ကို အခုလိုပဲ မိုမိုလေးချစ်ပရိသတ်ကြီးအတွက် တင်ပြပေးလိုက်ပါတယ်။
၁။ အရည်အသေွး
--------------------
ဘေဘီလေးက ဒီအချိန်မှာ အရမ်းနုနယ်သေးတာကြောင့် အရည်အသေွး ကောင်းတဲ့အရာမျိုးကိုပဲ အဓိက ထားသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရည်အသေွးမပြည့်ဝတဲ့ ပစ္စည်းတေွကြောင့်ဘေဘီလေးကို ထိခိုက်တာမျိုးတေွ မဖြစ်စေဖို့ပါ။
၂။ အရွယ်အစား
------------------
Baby Diaper မှာ Size အမျိုးမျိုးရှိနေနိုင်ပါတယ်။ ဒါကြောင့် ဘေဘီလေးအတွက် Diaper ရေွးချယ်တော့မယ်ဆိုရင် အသက်အရွယ် ၊ ဘေဘီလေးရဲ့ ကိုယ်အလေးချိန်နဲ့ သင့်တော်မယ့် Diaper မျိုးကိုပဲ ရေွးချယ်စေချင်ပါတယ်။
၃။ ဝတ်ပေးရတာ အဆင်ပြေ ၊ မပြေ
----------------------------------------
အလုပ်တာဝန်တေွ များလွန်းတာကြောင့် ဘေဘီလေးလည်း အဆင်ပြေ မေမေဖေဖေတို့လည်း အလုပ်ရှုပ်သက်သာစေဖို့အတွက် ရေွးချယ်တဲ့ Baby Diaper က အလုပ် မပိုစေဖို့တော့ လိုမှာပါ။ ဒါကြောင့် Diaper ရေွးချယ်တဲ့အခါ ဝတ်ဆင်ပေးရတာ အဆင်ပြေတဲ့ Dipaer မျိုးကိုပဲ သေချာ ရေွးချယ်ပေးပါ။
၄။ ကလေးအသားကို မထိခိုက်စေတာမျိုး
--------------------------------------------
အချို့သော Baby Diaper တေွမှာ ပါဝင်နေတဲ့ ဓာတုပစ္စည်းတေွက နုနုယ်လွန်းတဲ့ ဘေဘီလေးရဲ့ အသားအရေကို ကောင်းကောင်း ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဘေဘီလေးကို Diaper ဝတ်ပေးပြီးတော့ လဲပေးတဲ့အခါတိုင်း တင်ပါးလေးတေွမှာ အနီရောင် အဖုအပိမ့်လေးတေွ ထနေလား၊ ပုံမှန်မဟုတ်တဲ့ အသားအရေပြဿနာတစ်ခုခု ရှိနေလားဆိုတာကို အမြဲဆန်းစစ်ပါ။
၅။ ကလေးရဲ့ အသက်အရွယ်
--------------------------------
ဒါကလည်း Diaper ဝယ်တဲ့အခါ ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်တစ်ခုပါပဲ။ ကလေးကို မေွးစအရွယ်မှာ ဝတ်ပေးတဲ့ Diaper ကို အသက်ကြီးတဲ့အထိ ဝတ်ပေးဖို့က မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဘေဘီလေးရဲ့ အသက်အရွယ်ကို လိုက်ပြီးတော့ သင့်တော်မယ့်သေးခံကို သေချာ ရေွးချယ်ပေးဖို့ လိုအပ်ပါတယ်။
၆။ ဘေဘီလေးအတွက် သက်တောင့်သက်သာဖြစ်ရဲ့လား
--------------------------------------------------------------
အဆင်ပြေစေဖို့အတွက် ရေွးချယ်ပေးတဲ့ဘေဘီလေးရဲ့သေးခံက သူတို့လေးတေွအတွက် သက်တောင့်သက်သာဖြစ်နေဖို့တော့ လိုပါတယ်။ ဒါကြောင့် အရမ်းကျပ်နေတာမျိုး မဖြစ်သင့်သလို အရမ်းချောင်နေတာမျိုးကလည်း မဖြစ်သင့်ပါဘူး။ ဘေဘီလေးရဲ့ လှုပ်ရှားမှုတိုင်းအတွက် အဆင်ပြေနေတာမျိုး ဖြစ်နေဖို့ သတိထားပေးဖို့တော့ လိုပါတယ်။
၇။ ဘေဘီလေးအတွက် လေဝင်လေထွက်ကောင်းရဲ့လား
---------------------------------------------------------------
ဒါကလည်း မဖြစ်မနေထည့်သွင်းစဉ်းစားရမယ့် အချက်တစ်ခုပါပဲ။ ဘေဘီလေး သေးခံလောင်တာကြောင့် အရေပြားပွန်းတာ၊ လောင်တာမျိုးတေွ မဖြစ်စေဖို့အတွက် လေဝင်လေထွက်ကောင်းတာမျိုးတေွကို သတိထား ရေွးချယ်ပေးဖို့တော့ လိုပါမယ်။ ဒါမှ သာ မလိုအပ်ဘဲ ပိုးတေွ ပေါက်ဖွားမှုကနေ ကာကွယ်နိုင်မှာပဲ ဖြစ်ပါတယ်။
၈။ အနံ့မပါတာ
-----------------
ဘေဘီလေးအတွက် သေးခံရေွးချယ်တဲ့အခါ အမေွှးနံ့တေွ မပါတာမျိုးကို သတိထားရေွးစေချင်ပါတယ်။ အမေွှးနံ့ပါတဲ့သေးခံတေွက ဓါတုပစ္စည်း ပါဝင်နိုင်ခြေပိုများနေသလို ဘေဘီလေးတေွကို ဓါတ်မတည့်ဖြစ်စေနိုင်ခြေလည်း တော်တော်လေး များနေတာပါ။ ဒါကြောင့် အနံ့မပါတာမျိုးကိုပဲ မေမေတေွအနေနဲ့ အဓိကထား ရေွးစေချင်ပါတယ်။
၉။ အန္တရာယ်ဖြစ်စေနိုင်တဲ့ ဓါတုပစ္စည်းတေွ
----------------------------------------------
ဘေဘီလေးအတွက် Diaper ရေွးချယ်တဲ့အခါ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေနိုင်သလို ဟော်မုန်းပြဿနာတေွနဲ့ ဓါတုပစ္စည်း လောင်တာမျိုးကို ဖြစ်စေနိုင်တဲ့ ဓါတုပစ္စည်းတေွ ဖြစ်ကြတဲ့Dioxin နဲ့ sodium polyacrylate တို့ပါဝင်နေလားဆိုတာကို သေချာလေး စစ်ဆေးကြည့်စေချင်ပါတယ်။ တကယ်လို့ ဒီပစ္စည်းတေွ ပါဝင်နေမယ်ဆိုရင် ဘေဘီလေးကို ကောင်းကောင်း ထိခိုက်စေနိုင်တာကြောင့်ပါပဲ။ ဘေဘီလေးတေွ အားလုံး အမြဲကျန်းမာလန်းဆန်းကြပါစေ။
#Ref(Hello – Diaper နဲ့ကျန်းမာရေး ဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)