ကလေးငယ်လေးများကိုမေွးပြီး ချိန်မှ ၆ လသားအထိ မိခင်နို့ရည်တစ်မျိုးတည်းကို တိုက်ကျေွးခြင်းဖြင့် ကလေးငယ်အတွက်လိုအပ်သော အာဟာရများကိုဖြည့်တင်းပေးနိုင်ရုံသာမက ကလေးငယ်ကို ရောဂါများဝင်ရောက်ခြင်းမှ ကာကွယ်ရန်အတွက် လိုအပ်သောကိုယ်ခံစွမ်းအားကိုပါ ဖြည့်တင်းပေးနိုင်ပါသေးတယ်။ ကလေးငယ်ကို နို့ချိုတိုက်ကျေွးခြင်းက ကလေးရောမိခင်အတွက်ပါ ကောင်းကျိုးများစွာပေးနိုင်ပါတယ်။
ကလေးငယ်လေးဟာ လိုအပ်သော အာဟာရအတွက် နိုသောက်သုံးမှု မလုံလောက်တဲ့ အခါ ကိုယ်အလေးချိန်ကျဆင်းခြင်းဖြစ်ရပါတယ်။ မေွးဖွားပြီးချိန် ကလေးငယ်များ ကိုယ်အလေးချိန် ကျဆင်းခြင်းဟာ ပုံမှန်မဟုတ်ပါဘူး။ ကလေးငယ်ဟာ မေွးပြီးပြီးချင်း ၂ ပတ်လောက်ထိ ကိုယ်အလေးချိန် ဇက်တိုက်တက်ရပါမယ်။ ကလေးငယ်ဟာ ကိုယ်အလေးချိန်ကျဆင်းနေပြီ ဆိုရင်တော့ ကျွမ်းကျင်သူ ဆရာဝန်နှင့််ပြသရန်လိုအပ်နေပါပြီ။
ကလေးငယ်လေးများ နို့ မဝခြင်းကြောင့် ကလေးငယ်ရဲ့ ဝမ်းအရောင်ဟာလည်း ပြောင်းလဲတတ်ပါတယ်။ ကလေးငယ်ဟာ မေွးဖွားပြီး ပထမ အပတ်များမှာ ဝမ်းအဝါရောင်နှင့် နှစ်ခါခန့်သွားသင့်ပါတယ်။ အဲ့လို သွားနေရင်တော့ ကလေးငယ်လေးဟာ နို့ဝနေတယ်လို့ဖော်ပြနေတာပါ။ ကလေးငယ်လေးရဲ့ ဝမ်းအရောင်ဟာ ပြောင်းလဲနေပြီး အကြိမ်အရေအတွက် ပြောင်းလဲနေလှျင် ကလေးငယ်ဟာ လုံလောက်သော နို့ချိုကို မရရှိ်ခြင်းမျိုးဖြစ်နိုင်ပြီး ဆရာဝန်နှင့်တိုင်ပင်ဆေွးနေွးသင့်ပါတယ်။
ကလေးငယ်လေးဟာ ဘာကိုမှ လုပ်ချင်ကိုင်ချင်စိတ်မရှိဘဲ ငေးငိုင်နေလှျင် မပျော်ရွင်ဘဲ မရောင့်ရဲခြင်းများဖြစ်နေခဲ့ရင် ကလေးငယ် နို့မဝကြောင်းသိနိုင်ပါတယ်။ ကလေးငယ်လေးများဟာ နို့ကို ၂ နာရီတိုင်းမှာတောင်းတတ်ကြပြီး နို့ဝသွားတဲ့အခါမှာ မိခင် အကျႌစွန်းခြင်းများလည်းမရှိတတ်တော့ပါဘူး။ ကလေးငယ်လေးဟာ လုံလောက်တဲ့နို့ရည်ကို ရရှိပြီးချိန်မှာ ငြိမ်သက်သွားမှာပါ။
#MiGi