ကလေးငယ်တေွအတွက် မျက်စိကလည်း အရေးကြီးပြီး ဂရုစိုက်ပေးဖို့အတွက် လိုပါသေးတယ်။ မျက်စိထိခိုက်ပျက်စီးသွားမယ်ဆိုရင် မျက်မမြင်ဖြစ်ပြီး ကလေးဘဝရံှုးနိုင်ပါတယ်။လုပ်လေ့လုပ်ထရှိတဲ့ အပြုအမူလေးများက အန္တရာယ်ကြီးမားပါတယ်။
အခုအခါမှာ ဖုန်းကိုင်သူတေွပေါများလာပြီး ကလေးချော့တဲ့အခါမှာ ဖုန်းနဲ့ချော့တတ်ကြပါတယ်။ ကာတွန်းကားတေွကို ဖုန်းနဲ့ပေးကြည့်ပါတယ်။ ဂိမ်းပေးဆော့တတ်ကြပါတယ်။ အဲ့ဒီလိုပြုလုပ်တာက ကလေးရဲ့မျက်စိအာရုံပျက်စီးစေပြီး မျက်စေ့မှိတ်တုတ်ဖြစ်ခြင်း၊ အကြောဆွဲခြင်း၊ မျက်မှန်အစောကြီးတပ်ရခြင်းတေွကို ဖြစ်စေတတ်ပါတယ်။
အဲ့ဒါကြောင့် ကလေးငယ်တေွကို ဖုန်းပေးမကိုင်သင့်သလို ဖုန်းနဲ့ချော့တာကလည်း ရေှာင်ကြဉ်သင့်ပါတယ်။ နောက်ပြီးအချို့ကလေးတေွက မျက်စိယားတဲ့အခါ ညစ်ပေတဲ့လက်နဲ့ ပွတ်တတ်ကြပါတယ်။ အဲ့ဒီလိုမပြုလုပ်အောင် မိဘများက ဂရုစိုက်ပေးသင့်ပါတယ်။ သန့်ရှင်းတဲ့ တစ်ရှူး၊ သန့်စင်တဲ့အဝတ်စတို့နဲ့ သုတ်သင်ဖို့အတွက် မေမေတို့ကိုယ်တိုင်က အကျင့်လုပ်ပေးသင့်ပါတယ်။အဝတ်ကိုလည်းသန့်ရှင်းအောင် စီစဉ်ပေးဖို့လိုပါတယ်။
ရင်သေွးငယ်တေွ မျက်စိရောင်ရင်၊ မျက်စိနာရင် တတ်ကျွမ်းတဲ့ မျက်စိဆရာဝန်တေွနဲ့ ပြသပြီး မျက်စဉ်ခတ်သင့်ပါတယ်။ ဆေးမြီးတိုတေွမသုံးစွဲသင့်ပါဘူး။ အရွယ်ရောက်လာတဲ့ကလေးတေွ ဖုန်းနဲ့ကစားမယ်ဆိုရင်လည်း အလင်းရောင်နဲ့ ခပ်ကွာကွာမှာကိုင်စေပြီး ၁၅ မိနစ်ထက်ပိုပေးမထားသင့်ပါဘူးနော်။
မျက်စိကျန်းမာရေးအတွက် အဝါရောင်အသီးအနှံတေွှဖစ်တဲ့ သင်္ဘောသီးမှည့်၊ သရက်သီးမှည့်၊ မုန်လာဥနီ၊ ဗီတာမင်အေဆေးလုံးတို့ကို ကျေွးမေွးသင့်ပါတယ်။
MiGi