အမျိုးသမီးတစ်ယောက်အနေနဲ့ ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ အပြောင်းအလဲများစွာကို ကိုယ့်တိုင် ရင်ဆိုင်ကြုံတေွ့ရပါတယ်။ ကိုယ်ဝန်ဆောင်မိခင်ရဲ့ အနေအထိုင်အပြုအမှုများက သန္ဓေသားကို ကောင်းကောင်း သက်ရောက်မှု ရှိစေတာကြောင့် ကိုယ်ဝန်ဆောင်နေရပြီဆိုရင် ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ လုပ်ဆောင်ရမယ့်အရာ/ရေှာင်ရှားရမယ့်အရာတေွနှင့် ပတ်သတ်ပြီးတော့ အရမ်းဂရုစိုက်ဖို့ လိုအပ်လာပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ ကိုယ်ဝန်ဆောင်တဲ့ ၉လအတွင်းမှာ မဖြစ်မနေ ရေှာင်ရှားရမယ့် အရာလေးတေွကို အခုလိုပဲ ကိုယ်ဝန်ဆောင်မေမေတို့အတွက် တင်ပြပေးလိုက်ပါတယ်။
၁။ အသားစိမ်း၊ငါးစိမ်း၊ အပူပေး ပိုးသတ်မထားတဲ့ နို့ထွက်ပစ္စည်းများ၊ အစားအစာအစိမ်းများ၊ ကြော်ထားတဲ့ အစားအစာများ စသဖြင့် မစားပါနဲ့။ သူတို့မှာ မိခင်နှင့်ကလေးရဲ့ ကျန်းမာကို ထိခိုက်စေနိုင်တဲ့ အန္တရာယ်ရှိ ပိုးမွှားတေွ ပါဝင်နိုင်ပါတယ်။ ဒီလိုအစားအစာတေွက ကိုယ်အလေးချိန်ကို အလွန်အကျှံ တိုးစေပါတယ်။
၂။ ကဖိန်းဓာတ် အများကြီး မသောက်ပါနဲ့။ ၎င်းက သေွးတိုးနှင့် နှလုံးခုန်နှုန်းကို တိုးစေနိုင်သလို သင့်ကို ဆီး မကြာခဏ သွားစေနိုင်ပါတယ်။ ကဖိန်းဓာတ်က အချင်းကို ဖြတ်သန်းသွားပြီးတော့ ကလေးမှာ ဆီးချိုရောဂါဖြစ်နိုင်ခြေကို ပိုမို တိုးပွားစေပါတယ်။
၃။ ဆရာဝန်မညွှန်ကြားတဲ့ဆေးကို မသောက်ပါနဲ့။ တစ်ချို့ဆေးတေွမှာ တိကျတဲ့ ဆေးညွန်းရှိနိုင်ပြီးတော့ ဆရာဝန်ညွန်ကြားချက်မပါဘဲ လုံးဝ မသောက်သင့်ပါဘူး။
၄။ ဒေါက်မြင့်ဖိနပ်တေွ၊ ခုံထူဖိနပ်တေွနဲ့ ဒေါက်သေးတဲ့ဖိနပ်တေွ မစီးပါနဲ့။ ဒေါက်မြင့်ဖိနပ်တေွက ခန္ဓာကိုယ်ရဲ့ ဟန်ချက်ကို သက်တောင့်သက်သာ မဖြစ်စေပါဘူး။ ဒါအပြင် ခြေချင်းဝတ် ရောင်ရမ်းတာတေွပါ ဖြစ်စေနိုင်တာကြောင့် သက်တောင့် သက်သာဖြစ်စေတဲ့ ဖိနပ်အပါးလေးတေွပဲ စီးပါ။
၅။ ခေွး၊ ကြောင်မစင်တေွနဲ့ မထိတေွ့ပါနဲ့။ မစင်တေွမှာ ရှားပါး ကပ်ပါးရောဂါ toxoplasmosisကို သယ်ဆောင်နိုင်တာကြောင့် ကြောင်မစင်တေွကို လဲလှယ်ပေးတာတေွ မပြုလုပ်ပါနဲ့နော်။ ပြုလုပ်ခဲ့ရင်တောင် လဲနေစဉ်မှာ လက်အိတ်ဝတ်ဆင်ပါ။ လက်ကို သေချာ စင်ကြယ်အောင် ဆေးကြောပါ။
၆။ တစ်ဆင့်ခံ ဆေးလိပ်ငေွ့ကို မရှုရှုိက်မိပါစေနဲ့။ ဆေးလိပ်ငေွ့တေွက ကင်ဆာ ၊ ကိုယ်ဝန်ပျက်ကျခြင်း ၊ လမစေ့ဘဲ မီးဖွားခြင်း၊ ပေါင်မပြည့်တဲ့ကလေး မေွးဖွားခြင်း ၊ မေွးကင်းစကလေး ရုတ်တရက်သေဆုံးခြင်း၊ သင်ယူမှု နေှးကေွးခြင်းစတဲ့ ပြဿနာတေွနဲ့ အများကြီးဆက်စပ်နေလို့ပါ။
၇။ ဝိုင် ၊ အရက် နှင့် ဘီယာအပါအဝင် အယ်ကိုဟောတေွကို မသောက်သုံးပါနဲ့။ ဒါတေွက အချင်းနှင့် ချက်ကြိုးက တစ်ဆင့် မြန်မြန်ရောက်နိုင်ပြီးတော့ ကလေးရဲ့ ဖွံ့ဖြိုးဆဲဦးနေှာက်၊ ကိုယ်တွင်းအင်္ဂါများကိုပါ ထိခိုက်စေနိုင်ပါတယ်။ အယ်ကိုဟောက လမစေ့ခင် ကလေးမေွးဖွားခြင်း၊ ဦးနေှာက်ပျက်စီးခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးလေး အသေမေွးခြင်းစသည်တို့ကိုလည်း ဦးတည်စေပါတယ်။
၈။ အနေအထား မပြောင်းဘဲ အချိန်ကြာကြာ မတ်တပ်ရပ်တာ၊ ထိုင်တာတေွ မပြုလုပ်ပါနဲ့။ ဒါက ခြေဆစ်များနဲ့ သေွးပြန်ကြောတေွကို ထိခိုက်စေနိုင်ပါတယ်။ မကြာခဏ အနားယူပါ။ တစ်ချို့အချိန်တေွမှာ တကယ်လို့ မက်တပ်ရပ်နေရရင် သင့်ခြေထောက်ကို အမြင့်တစ်ခုခုပေါ် တင်ထားပါ။
၉။ မူးယစ်ဆေးဝါး မသုံးစွဲပါနဲ့ ။ မူးယစ်ဆေးဝါးက ပေါင်မပြည့်တဲ့ ကလေးမေွးဖွားမှု၊ ကိုယ်လက်ချို့ယွင်းတဲ့ ကလေးမေွးဖွားမှုစတဲ့ အခွင့်အလမ်းတေွကို တိုးစေသလို ကလေးမှာ neurobehavioral ဖွံ့ဖြိုးမှုကို သက်ရောက်ခြင်းနှင့်ပါ ဆက်စပ်လျက်ရှိပါတယ်။
၁ဝ။ ဟော့ဒေါ့များ၊ ဝက်အူချောင်း၊ ကြက်အူချောင်းများ၊ တာရှည်ခံအောင်ပြုလုပ်ထားသော အသားများ၊ ဒိန်ခဲပျော့များ မစားပါနဲ့။ သူတို့က သင့်နဲ့ သင့်ကလေးအတွက် အန္တရာယ်ဖြစ်စေတဲ့ listeria ဘက်တီးရီးယားများ သယ်ဆောင်လာနိုင်တာကြောင့်ပါပဲ။
၁၁။ ဆရာဝန်ညွန်ကြားမှု မရှိဘဲ ဗီတာမင်A ဖြည့်စွက်သောက်တာကို ရေှာင်ကျဉ်ပါ။ ဗီတာမင် A အလွန်အကျှံဖြစ်ခြင်းက ချို့ယွင်းချက်ရှိတဲ့ကလေးကို မေွးဖွားလာစေနိုင်ပါတယ်။
၁၂။ ဓာတ်မှန် မရိုက်ပါနဲ့။ အထူးသဖြင့် ဝမ်းဗိုက်ဓာတ်မှန်ရိုက်တာက ချို့ယွင်းချက်ရှိတဲ့ကလေးကို မေွးဖွားစေပြီးတော့ နောင်တစ်ချိန် ကလေးမှာ သေွးကင်ဆာ ကဲ့သို့သော ကင်ဆာဖြစ်နိုင်ခြေကိုပါ တိုးစေပါတယ်။
၁၃။ မိုက်ခရိုဝေ့နားမှာ မနေပါနဲ့။ သူတို့က သန္ဓေသားကို ထိခိုက်စေနိုင်တဲ့ လှျပ်စစ်သံလိုက်ဓါတ်ရောင်ခြည်ကို ထုတ်လွတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခန့်မသင့်ရင် ကိုယ်ဝန်ပျက်ကျစေနိုင်လို့ပါပဲ။
၁၄။ လှျပ်စစ်စောင် အသုံးမပြုပါနဲ့။ သူတို့က သန္ဓေသားကြီးထွားခြင်းတို့အတွက် အန္တရာယ်ရှိနိုင်တဲ့ လှျပ်စစ်သံလိုက်စက်ကွင်း အဆင့်နိမ့်ကို ထုတ်လွှတ်ပါတယ်။
၁၅။ အထူးသဖြင့် အလုပ်မှာ စိတ်ဖိစီးမှုကို ရေှာင်ကြဉ်ပါ။ စိတ်ဖိစီးမှုက သင့်ကိုယ်ခံအားစနစ်ကို ထိခိုက်စေနိုင်ပြီးတော့ ကိုယ်ဝန်ပျက်ကျတာ၊ လမစေ့ဘဲ ကလေးမေွးဖွားတာစတဲ့ အခွင့်အလမ်းတေွကို တိုးမြှင့်စေနိုင်ပါတယ်။
၁၆။ အိမ်သုတ်ဆေး၊ အိမ်သန့်ရှင်းရေးဆေး၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများနဲ့ မထိတေွ့ပါနဲ့။ သူတို့က ကိုယ်ဝန်ပျက်ကျခြင်း၊ လမစေ့ဘဲ ကလေးမေွးဖွားခြင်း အပါအဝင် သင့်ရဲ့ သန္ဓေသားအပေါ် သက်ရောက်မှု အမျိုးမျိုး ရှိနိုင်ပါတယ်။
၁၇။ သင့်ခန္ဓာကိုယ်ရဲ့အပူချိန်က ၁ဝ၁ ဒီဂရီဖာရင်ဟိုက် အထက်မှာ မရှိသင့်ပါဘူး။ ရှိနေရင် သင့်ရဲ့ဖွံ့ဖြိုးဆဲ သန္ဓေသားအတွက် အန္တရာယ်ရှိနိုင်ပါတယ်။ ခန္ဓာကိုယ်အပူချိန်က တုပ်ကေွးဖြစ်နေချိန်၊ လေ့ကျင့်ခန်းလုပ်ထားတဲ့အချိန်၊ ဖျားနာချိန်တေွမှာ မြင့်တက်တတ်ပါတယ်။
၁၈။ ရေယုန်ကဲ့သို့သော ရောဂါများမဖြစ်အောင် တစ်ကိုယ်ရည် သန့်ရှင်းရေးကို အထူး ဂရုစိုက်ပါ။ ရှားပါးကိစ္စတေွမှာ ၎င်းက ပထမသုံးလပတ်အတွင်းမှာ ကိုယ်ဝန်ပျက်ကျခြင်းကိုတောင် ဖြစ်ပေါ်လာနိုင်စေပါတယ်။
#Ref( lifestyle Myanmar - ကိုယ်ဝန်ဆောင်မိခင်နဲ့ ကျန်းမာရေး ဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)