မေမေတို့ရေ သားသားမီးမီးလေးတေွကို ကျေွးလို့ကောင်းမယ့် ပဲထမင်းအနှစ်လေးကို ပြင်ဆင်ပေးလိုက်ရအောင်နော်။
ပါ၀င်ပစ္စည်းများ ...
- အားဖြည့်ဆန် ... ပန်းကန်လုံးတစ်ဝက်
- ပဲဝါလေး ... စားပွဲဇွန်းသုံးဇွန်း
- ပဲသီး၊ အာလူး၊ မုန်လာဥနီ (အခွံခွာရေဆေးပြီး အတုံးလေးများတုံးပြီး) ... ပန်းကန်လုံးတစ်ဝက်
- စမုံစေ့ ... စားပွဲဇွန်း လေးပုံတစ်ပုံ
- အိုင်အိုဒင်းဆား ... စားပွဲဇွန်း တစ်ဝက်
- ထောပတ် ... စားပွဲဇွန်းတစ်ဝက်
ပြင်ဆင်ပြုလုပ်နည်း ..
- ဦးစွာအားဖြည့်ဆန်နှင့် ပဲဝါလေးကို ရေဆေးပြီး ပေါင်းအိုးထဲသို့ထည့်ပါ။
- ပဲသီး၊ အာလူး၊ မုန်လာဥနီ၊ စမုံစေ့၊ အိုင်အိုဒင်းဆားနှင့် ထောပတ်တို့ကိုထည့်ပြီးဇွန်းဖြင့်မေွှပါ။
- ရေပန်းကန်လုံးနှစ်လုံးထည့်ပြီး ပေါင်းအိုးဖြင့်ပေါင်းပေးပါ။
- ပြီးလှျင်မီးဖိုပေါ်မှချပြီး အအေးခံကာ အနှစ်ရအောင်ချေပြီး သားသားမီးမီးတို့အတွက် ပြင်ဆင်ပေးနိုင်ပါပြီ။
မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)