မိခင်တစ်ယောက်ဖြစ်လာပြီဆိုတာနဲ့ မိမိရဲ့ ရင်သေွးငယ်လေးကို ပြုစုစောင့်ရေှာက်ဖို့အတွက် များစွာသော တာဝန်များကို မဖြစ်မနေ ဆောင်ရွက်ရပါတယ်။ ရင်သေွးငယ်လေး နို့ချိုတိုက်ကျေွးတဲ့ ကိစ္စကနေ စတင်ပြီး အပေါ့ ၊ အလေး စွန့်တဲ့ ကိစ္စတေွအထိပါ အစစ အရာရာ တာဝန်ယူရပါတယ်။ မိမိရင်သေွးကို ဆီးခံဘောင်းဘီ လဲပေးတဲ့ကိစ္စဟာ အပေါ်ယံအားဖြင့် လွယ်ကူတယ်လို့ ထင်ရပေမယ့် တကယ့်လက်တေွ့မှာတော့ အခက်အခဲတေွ အများကြီး ရှိနေပါတယ်။
ရင်သေွးငယ်လေးတေွဟာ အနှီး (သို့မဟုတ်) ဆီးခံဘောင်းဘီ လဲလှယ်ပေးတဲ့အချိန်တေွမှာ စိတ်ရှုပ်ထေွးလေ့ရှိပါတယ်။ ဆီးခံဘောင်းဘီလဲလှယ်ပေးချိန်မှာ အေးစက်တဲ့ အထိအတေွ့များ ခံစားရခြင်း ၊ အထူးသဖြင့် နို့ဆာနေချိန်မှာ နို့ချိုမတိုက်သေးဘဲ မလိုအပ်တဲ့ ဆီးခံဘောင်းဘီလဲလှယ်မှုများ ပြုလုပ်ခြင်း စတဲ့အချက်တေွက အဓိက စိတ်ရှုပ်ထေွးစေတဲ့ အကြောင်းရင်းတေွပါပဲ။
ဒါ့ကြောင့် မိမိရဲ့ ရင်သေွးငယ်လေးကို ဆီးခံဘောင်းဘီလဲလှယ်ပေးချိန်မှာ အဆင်ပြေချောမေွ့စေဖို့ လိုက်နာရမယ့် အချက်လေးတေွကို ဖော်ပြပေးသွားပါမယ်။ ဆီးခံဘောင်းဘီလဲလှယ်ပေးချိန်မှာ မိခင်အနေနဲ့ ရင်သေွးငယ်လေးနဲ့ ဆက်သွယ်မှု ရှိနေပေးသင့်ပါတယ်။ ရင်သေွးငယ်လေးကို နေွးနေွးထေွးထေွး ဖြစ်အောင် ပြုလုပ်ပေးသင့်ပြီး ပျော်ရွှ့င်စေမယ့် ဟာသများ ၊ စနောက်မှုများ ပြုလုပ်ကာ ဆွဲဆောင်ပေးရပါတယ်။
ရင်သေွးငယ်လေးအနေနဲ့ ကောင်းမွန်တဲ့ခံစားချက်လေးရရှိဖို့ အရေးကြီးပြီး မြင်ကွင်းကောင်းဖို့လည်း လိုအပ်ပါတယ်။ ရင်သေွးငယ်လေးအတွက် ကဗျာများ ၊ သီချင်းများ သီဆိုကာ ပျော်ရွှင်အောင် ပြုလုပ်ပေးရပါမယ်။ ရင်သေွးငယ်လေး ကြိုက်နှစ်သက်မယ့် သီချင်းစာပိုဒ် ၊ သံစဉ်စာသားလေးတေွကိုလည်း သိရှိအောင် ပြုလုပ်ကာ အသုံးချတတ်ဖို့ လိုပါတယ်။
နောက်ဆုံး ရင်သေွးငယ်လေးဟာ ဆီးခံဘောင်းဘီ လဲလှယ်တဲ့ ဖြစ်ရပ်တစ်ခုလုံးကို သိရှိနားလည် လက်ခံလာတဲ့အထိ ပြုလုပ်ပေးရမှာဖြစ်ပြီး ယခုဖော်ပြခဲ့တဲ့ နည်းလမ်းကောင်းတေွက မေမေတို့ ရင်သေွးငယ်လေးကို ဆီးခံဘောင်းဘီ လဲလှယ်ပေးချိန်မှာ အထူးအသုံးဝင်မှာပဲ ဖြစ်ပါတယ်။
HYA ( kyarlay )