မေမေတို့ရေ ဘေဘီလေးတေွအတွက် ဖြည့်စွက်စာပြင်ဆင်ပေးနိုင်ဖို့ဆိုရင် ကလေးတေွအတွက်လည်း အာဟာရပြည့်ဝပြီး စားချင်စဖွယ်အရသာနဲ့ ဘေဘီလေးတေွနှစ်သက်မယ့်အစားအစာလေးတေွကို ပြင်ဆင်ပေးဖို့အရေးကြီးပါတယ်။
ဖြည့်စွက်စာကိုတော့ ကလေးအသက် ၆ လမှာစတင်ကျေွးနိုင်ပါပြီ။ ဒါပေမယ့်လည်း ၆ လပြည့်စမှာတော့ မေမေတို့က ဆန်ပြုတ်သဘောမျိုး၊ အသီးအနှံဆိုရင်လည်း ကလေးတေွအတွက် သင့်တော်မယ့်တစ်မျိုးမျိုးကိုသာ ရေွးချယ်ပြီး အဖတ်လုံးဝမပါဘဲ အနှစ်သီးသန့်ဖြစ်အောင်ပြင်ဆင်ပေးသင့်ပါတယ်။ အဲ့ဒါကြောင့်လည်း အခုဖော်ပြပေးမယ့်ဖြည့်စွက်စာလေးကို သားသားမီးမီးလေးတေွ ရ လပြည့်မှသာ မေမေတို့က ပြင်ဆင်ကျေွးမေွးလိုက်ပါနော်။
ပါ၀င်ပစ္စည်းများ ..
- အားဖြည့်ဆန် ... စားပွဲဇွန်း ၂ ဇွန်း
- မုန်လာဥဝါ ... တစ်ဥ
- ပန်းဂေါ်ဖီပွင့် ... တစ်စိတ်
- ငှက်ပျောသီး ... တစ်လုံး
ပြင်ဆင်ချက်ပြုတ်နည်း ...
- ဦးစွာ အိုးသန့်သန့်ထဲသို့ ရေဆေးထားသည့် အားဖြည့်ဆန်ထည့်ပါ။ ရေပန်းကန်လုံး ၁ လုံးခွဲထည့်ပါ။
- မုန်လာဥဝါကို အခွံခွာရေဆေးပြီး အတုံးများတုံးထည့်ပါ။
- ပန်းဂေါ်ဖီပွင့်ကို ပိုးများဖယ်ရှားရန် ဆားရည်စိမ်ပြီးဆေးပါ။
- ပြီးလှျင် အရွယ်တော်လှီးပြီးအိုးထဲထည့်ပါ။
- မိနစ် ၂၀ ခန့်အဖုံးအုပ်ပြီးပေါင်းပါ။
- နူးအိသွားပြီဆိုပါကမီးဖိုပေါ်မှချပြီး ငှက်ပျောသီးများလှီးထည့်ကာ blander ဖြင့်ရောကျိတ်ပြီး သားသားမီးမီးတို့အတွက် ပြင်ဆင်ကျေွးနိုင်ပါပြီ။
မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)