ကျောင်းသားကျောင်းသူအရွယ် ကလေးကြီးများလည်း ရံခါခြောက်လှန့်ခြင်းခံရသည်ပင်။ ဒေဝေါဖြင့်တော့ မဟုတ်ပါပေ။ ငယ်စဉ်က ခြောက်လှန့်ခြင်းခံရသော အကျိုးဆက်ကြောင့် ကြောက်တတ်သည်လည်း ရှိတတ်ပေသည်။ သို့ရာတွင် ဒေဝေါတို့ အရူးတို့သည် ယခုအသက်အရွယ်တွင် အတိတ်ကာလဖြစ်သွားပြီး ပုံပြင်သဖွယ်ဖြစ်သွားလေပြီ။
ယေဘုယျအားဖြင့် အခန်းတွင်း၌ တစ်ယောက်တည်းမနေရခြင်း၊ အမေှာင်ကိုကြောက်ခြင်း၊ သန့်စင်ခန်းသို့ တစ်ယောက်တည်းမသွားရဲခြင်း စသည်တို့သည်၊ ပုံမှန်ဘောင်အတွင်း ကြောက်လန့်ခြင်းသာဖြစ်သည်။ ထိုထက်လွန်ကဲ၍ ကြောက်လန့်လျှင်မူ အခြေခံကြောက်လန့်မှု တစ်ခုခုရှိနေပြီလော စောင့်ကြည့်သင်ပါသည်။
စင်စစ် ပတ်ဝန်းကျင်ပြောင်းလဲမှုသည် အရေးကြီးသောအချက်ပင်ဖြစ်ပါသည်။ ကလေးသည် မိဘနှင့်အိမ်သူအိမ်သား ပတ်ဝန်းကျင်မှ ချဲ့ပွား၍ ပိုမိုကျယ်ဝန်းသော ပတ်ဝန်းကျင်နှင့် ရင်ဆိုင်ရလေပြီ။ အယ်၍ ကလေးသည် အတိတ်ကံကောင်းသော အကျိုးဆက်ကြောင့် မိသားစုပတ်ဝန်းကျင်တွင် နေထိုင်စဉ်က မိသားစု၏ မေတ္တာအနန ္တကို ရရှိခဲ့ပါလျှင်၊ ကလေးသည် ကြောက်လန့်ခြင်းကို ရရှိဖွယ်မရှိပေ။ နေရာအနှံ့အပြားတွင် မေတ္တာပန်းခင်းများ လွှမ်းမိုးမည်သာ။
မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)