Kyarlay.com

almost 2 years

ေဘဘီတို႕အတြက္ ေဆးလိပ္/ကြမ္းျဖတ္ၿပီးမွ ျပန္သံုးခ်င္ေနတဲ့ေဖေဖတို႕အတြက္


Gucu64hvcsybmhgqr03t

ေမေမတို႕ေရ အိမ္က ေဖေဖပဲျဖစ္ျဖစ္ မိသားစု၀င္တစ္ဦးဦးပဲျဖစ္ျဖစ္ ေဘဘီေလးေတြအတြက္ စဥ္းစားၿပီး ေဆးလိပ္နဲ႕ ကြမ္းကို ျဖတ္လိုက္ၿပီး ျပန္သံုးခ်င္ေနတယ္ဆိုရင္ေတာ့ ဒီနည္းလမ္းေလးေတြနဲ႕ ျပန္မသံုးမိေအာင္ ေဆာင္ရြက္ေစခ်င္ပါတယ္ေနာ္။ ေမေမတို႕က ကိုယ့္ရဲ႕မိသားစုဘ၀ေလးေပ်ာ္ရႊင္က်န္းမာေစဖို႕အတြက္ အခုနည္းလမ္းေလးေတြကို မွတ္သားၿပီး ေဆးလိပ္နဲ႕ ကြမ္းျပန္သံုးခ်င္ေနတဲ့ မိသားစု၀င္ေတြကို အႀကံျပဳႏိုင္ပါတယ္ေနာ္။



Fwncvznkjsrbcndfxvkt

ေဖေဖ၊ ေမေမတို႕ေရ ေဆးလိပ္နဲ႕ကြမ္းကိုျဖတ္ၿပီးမွ ျပန္မသံုးမိဖို႕ဆိုရင္ " R " ေလးလံုးကို က်င့္သံုးၿပီး လမ္းမွန္ေပၚဆက္ေလွ်ာက္လို႕ရပါတယ္တဲ့။ အဲ့ဒီ " R " ေလးလံုးကေတာ့ Review ဆိုတဲ့ ျပန္လည္သံုးသပ္ျခင္း၊ Remind ဆိုတဲ့ ျပန္လည္သတိေပးျခင္း၊ Ride Out ဆိုတဲ့ ေမာင္းထုတ္ျခင္း၊ Reward ဆိုတဲ့ ခ်ီးျမွင့္ျခင္းေတြကို ေဆာင္ထားသင့္တယ္လို႕ ဆိုပါတယ္။


Zl6mrvvv0cmiuajlgnub

ေဖေဖ၊ ေမေမတို႕ေရ ေဆးလိပ္၊ ကြမ္းယာေတြက ေဘဘီေလးေတြအတြက္ ဆိုးက်ဳိးေတြအမ်ားႀကီးရွိေနတယ္ေနာ္။ အဲ့ဒါေၾကာင့္ ျဖတ္ခဲ့ၿပီးမွျပန္ၿပီးေသာက္သံုးခ်င္ေနတယ္ဆိုရင္ေတာ့ ကိုယ္ေဆးလိပ္/ကြမ္းျဖတ္ခဲ့ရတဲ့ အေၾကာင္းရင္း၊ ျပန္လည္အသံုးျပဳရင္ျဖစ္လာမယ့္ က်န္းမာေရးဆိုးက်ိဳးေတြနဲ႔ ဒါေတြကို မွ်ေဝခံစားေနရမယ့္ ကိုယ့္မိသားစုဝင္ေတြ၊ ေဆးလိပ္/ကြမ္းဖိုးအျပင္ ေရာဂါရလို႔ ကိုယ္အလုပ္မလုပ္ႏိုင္ ကုသရတဲ့အခါ ကိုယ့္စီးပြားေရးယိုင္နဲ႔ပ်က္စီးသြားႏိုင္တာေတြကို ဆင္ျခင္သံုးသပ္လိုက္ပါ။ ေနာက္ၿပီး ကိုယ့္အတြက္ ေနာက္ထပ္ေဆးလိပ္တစ္လိပ္၊ ေဆးလိပ္တစ္ဖြာတစ္ရႈိက္၊ ကြမ္းယာတစ္ယာဆိုတာ မရွိေတာ့ဘူးလို႔ ကိုယ့္ကိုယ္ကို သတိေပးပါ။ သန္႔သန္႔ျပန္ျပန္႔ သပ္သပ္ရပ္ရပ္က်န္းက်န္းမာမာေပ်ာ္ေပ်ာ္ရႊင္ရႊင္ ေနရဖို႔အတြက္ အာရံုထားႀကိဳးစားပါ။ ေဆးလိပ္ေသာက္ခ်င္စိတ္၊ ကြမ္းစားခ်င္စိတ္ကို ေမာင္းထုတ္ပစ္ပါ။ တစ္လိပ္တစ္ေလ၊ တစ္ယာတစ္ေလ စားတာ ဘာမွမျဖစ္ပါဘူးလို႔ ကိုယ့္ကိုယ္ကို အ႐ူးမလုပ္မိပါေစနဲ႔။ ေဆးလိပ္/ကြမ္းဖိုး ကုန္က်ျခင္းမရွိေတာ့တာေၾကာင့္ ကိုယ့္ကိုယ္ကို ဂုဏ္ယူလိုက္ပါ။ ကြမ္းေသြးကင္းေသာ သန္႔ရွင္းေသာ ပါးစပ္ ၊ ေဆးလိပ္နံ့ကင္းတဲ့ ခႏၶာကိုယ္နဲ႕ ထြက္သက္၊ သန္႔ရွင္းတဲ့ေလျပည့္ေနတဲ့အဆုတ္နဲ႕ က်န္းမာသပ္ရပ္တဲ့ အသြင္အျပင္ကို ပိုင္ဆိုင္ထားရျခင္းအတြက္ အားရေက်နပ္လိုက္ပါ။ ဝါသနာပါရာကို လုပ္ဖို႔အခ်ိန္ယူၿပီး တက္ႂကြေပ်ာ္ရႊင္စြာေနလိုက္ပါေနာ္။ ေဖေဖ၊ ေမေမတို႕ေရ မိသားစုဘ၀ေလးၾကည့္ႏူးေပ်ာ္ရႊင္ဖုိ႕ဆိုတာ ေဖေဖ၊ ေမေမတို႕ရဲ႕လက္ထဲမွာပဲဆိုေတာ့ ႀကိဳးစားလိုက္ရေအာင္ေနာ္။

Source-NCD Unit - Public Health, MoHS

မိခင္နဲ႕ရင္ေသြးတိုင္းအတြက္ ေမတၱာမြန္ျဖင့္
HM (က်ားေလး)

>>>> Unicode Version <<<<


Jobj0gcikd20xh7av8w5

ဘေဘီတို့အတွက် ဆေးလိပ်/ကွမ်းဖြတ်ပြီးမှ ပြန်သုံးချင်နေတဲ့ဖေဖေတို့အတွက်

မေမေတို့ရေ အိမ်က ဖေဖေပဲဖြစ်ဖြစ် မိသားစုဝင်တစ်ဦးဦးပဲဖြစ်ဖြစ် ဘေဘီလေးတွေအတွက် စဉ်းစားပြီး ဆေးလိပ်နဲ့ ကွမ်းကို ဖြတ်လိုက်ပြီး ပြန်သုံးချင်နေတယ်ဆိုရင်တော့ ဒီနည်းလမ်းလေးတွေနဲ့ ပြန်မသုံးမိအောင် ဆောင်ရွက်စေချင်ပါတယ်နော်။ မေမေတို့က ကိုယ့်ရဲ့မိသားစုဘဝလေးပျော်ရွှင်ကျန်းမာစေဖို့အတွက် အခုနည်းလမ်းလေးတွေကို မှတ်သားပြီး ဆေးလိပ်နဲ့ ကွမ်းပြန်သုံးချင်နေတဲ့ မိသားစုဝင်တွေကို အကြံပြုနိုင်ပါတယ်နော်။
ဖေဖေ၊ မေမေတို့ရေ ဆေးလိပ်နဲ့ကွမ်းကိုဖြတ်ပြီးမှ ပြန်မသုံးမိဖို့ဆိုရင် " R " လေးလုံးကို ကျင့်သုံးပြီး လမ်းမှန်ပေါ်ဆက်လျှောက်လို့ရပါတယ်တဲ့။ အဲ့ဒီ " R " လေးလုံးကတော့ Review ဆိုတဲ့ ပြန်လည်သုံးသပ်ခြင်း၊ Remind ဆိုတဲ့ ပြန်လည်သတိပေးခြင်း၊ Ride Out ဆိုတဲ့ မောင်းထုတ်ခြင်း၊ Reward ဆိုတဲ့ ချီးမြှင့်ခြင်းတွေကို ဆောင်ထားသင့်တယ်လို့ ဆိုပါတယ်။
ဖေဖေ၊ မေမေတို့ရေ ဆေးလိပ်၊ ကွမ်းယာတွေက ဘေဘီလေးတွေအတွက် ဆိုးကျိုးတွေအများကြီးရှိနေတယ်နော်။ အဲ့ဒါကြောင့် ဖြတ်ခဲ့ပြီးမှပြန်ပြီးသောက်သုံးချင်နေတယ်ဆိုရင်တော့ ကိုယ်ဆေးလိပ်/ကွမ်းဖြတ်ခဲ့ရတဲ့ အကြောင်းရင်း၊ ပြန်လည်အသုံးပြုရင်ဖြစ်လာမယ့် ကျန်းမာရေးဆိုးကျိုးတွေနဲ့ ဒါတွေကို မျှဝေခံစားနေရမယ့် ကိုယ့်မိသားစုဝင်တွေ၊ ဆေးလိပ်/ကွမ်းဖိုးအပြင် ရောဂါရလို့ ကိုယ်အလုပ်မလုပ်နိုင် ကုသရတဲ့အခါ ကိုယ့်စီးပွားရေးယိုင်နဲ့ပျက်စီးသွားနိုင်တာတွေကို ဆင်ခြင်သုံးသပ်လိုက်ပါ။ နောက်ပြီး ကိုယ့်အတွက် နောက်ထပ်ဆေးလိပ်တစ်လိပ်၊ ဆေးလိပ်တစ်ဖွာတစ်ရှိုက်၊ ကွမ်းယာတစ်ယာဆိုတာ မရှိတော့ဘူးလို့ ကိုယ့်ကိုယ်ကို သတိပေးပါ။ သန့်သန့်ပြန်ပြန့် သပ်သပ်ရပ်ရပ်ကျန်းကျန်းမာမာပျော်ပျော်ရွှင်ရွှင် နေရဖို့အတွက် အာရုံထားကြိုးစားပါ။ ဆေးလိပ်သောက်ချင်စိတ်၊ ကွမ်းစားချင်စိတ်ကို မောင်းထုတ်ပစ်ပါ။ တစ်လိပ်တစ်လေ၊ တစ်ယာတစ်လေ စားတာ ဘာမှမဖြစ်ပါဘူးလို့ ကိုယ့်ကိုယ်ကို အရူးမလုပ်မိပါစေနဲ့။ ဆေးလိပ်/ကွမ်းဖိုး ကုန်ကျခြင်းမရှိတော့တာကြောင့် ကိုယ့်ကိုယ်ကို ဂုဏ်ယူလိုက်ပါ။ ကွမ်းသွေးကင်းသော သန့်ရှင်းသော ပါးစပ် ၊ ဆေးလိပ်နံ့ကင်းတဲ့ ခန္ဓာကိုယ်နဲ့ ထွက်သက်၊ သန့်ရှင်းတဲ့လေပြည့်နေတဲ့အဆုတ်နဲ့ ကျန်းမာသပ်ရပ်တဲ့ အသွင်အပြင်ကို ပိုင်ဆိုင်ထားရခြင်းအတွက် အားရကျေနပ်လိုက်ပါ။ ဝါသနာပါရာကို လုပ်ဖို့အချိန်ယူပြီး တက်ကြွပျော်ရွှင်စွာနေလိုက်ပါနော်။ ဖေဖေ၊ မေမေတို့ရေ မိသားစုဘဝလေးကြည့်နူးပျော်ရွှင်ဖို့ဆိုတာ ဖေဖေ၊ မေမေတို့ရဲ့လက်ထဲမှာပဲဆိုတော့ ကြိုးစားလိုက်ရအောင်နော်။

Source-NCD Unit - Public Health, MoHS

မိခင်နဲ့ရင်သွေးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)