တကယ်ပျက်တော့မယ့်အဆင့်ရောက်တော့မယ်ဆိုရင်တော့ ဆီးစပ်တေွ ခါးတေွကိုက်လာပါပြီ။ နာလိုက်ပျောက်လိုက်ပါ။သားအိမ်က ညှစ်အားပါလာလို့ဖြစ်ပါတယ်။ သေွးဆင်းပိုများလာပါမယ်။ သားအိမ်အဝပါ ပွင့်လာရင်တော့ ကလေးနဲ့ အချင်းအသားစတေွပါ သေွးနဲ့ ရောပြီး ဆင်းလာတတ်ပါတယ်။ အကုန်ဆင်းသွားရင်တော့ ဆီးစပ်ကိုက်တာတေွ၊သေွးဆင်းတာတေွ ရပ်သွားတတ်ပါတယ်။
ကုန်အောင်မဆင်းနိုင်ခင်အချိန်မှာ သေွးဆင်းများပြီး သေွးပေါင်ကျတတ်ပါတယ်။ အရေးကြီးပါတယ်။ ဆေးရုံချက်ချင်းသွားပါ။ကလေးနဲ့ အချင်းစများ ကုန်အောင်ဆင်းသွားရင်တော့ အပြီးတိုင်ပျက်သွားခြင်းဖြစ်ပါတယ်။
တချို့တဝက်ထွက်သွားပြီး မကုန်ရင်တော့ တစ်စိတ်တစ်ပိုင်း ထွက်သွားလို့ သေွးဆင်းနညး်သွားပေမယ့် သေွးဆက်ဆင်းနေတတ်ပါတယ်။ ဆီးစပ်လည်းကိုက်နေတတ်ပါတယ်။ ထိုအခြေအနေမျ်ိုးကိုတော့ မကုန်သေးသော ကလေးပျက်ခြင်းလို့ခေါ်ပါတယ်။
အချင်းစများ ထဲကို ပိုးဝင်လာရင်တော့ အဖျားပါဝင်လာတတ်ပါတယ်။ ဒါဆို အန္တရာယ်ပိုများပါတယ်။ ပိုးဝင်သော ကလေးပျက်ခြင်းလို့ခေါ်ပါတယ်။ သေွးထဲမှာ ပိုးဆိပ်တေွပျံ့နှ့ံပြီး အသက်အန္တရာယ် သိပ်နီးသွားပါပြီ သားအိမ်ထဲ ဝမ်းဗိုက်ထဲမှာ ပြည်တေွတည်ပြီး အချိန်မီ ဗိုက်ခွဲပြီး ပြည်တေွထုတ် လိုအပ်ရင် သားအိမ်ပါထုတ်။ နှစ်စဉ်ဒီလိုအခြေအနေနဲ့ မေမေများ သေဆုံးနေရပြီး အလွန်ကြောက်စရာကောင်းပါတယ်။ သေွးဆင်းခြင်းမရှိဘဲ တစ်ခါတစ်ရံ သားအိမ်ထဲတွင် ဆက်လက်ကြီးထွားခြင်းမရှိဘဲ ကလေးသေသွားတတ်ပါတယ်။
#MiGi