မေမေတို့ရေ ဒုတိယရင်သေွးလေးကို ကိုယ်ဝန်ဆောင်ထားရတဲ့ မေမေတို့အတွက် ကြိုတင်လေ့လာပြီး သိရှိထားဖို့ လိုအပ်တာလေးကို မှျဝေပေးချင်ပါတယ်နော်။ အဲ့ဒါကတော့ မေမေတို့ရဲ့ ပထမကိုယ်ဝန်သားဦးလေးကို ခွဲမေွးထားခဲ့တဲ့ မေမေတေွသတိပြုရမှာပါ။ များသောအားဖြင့်တော့ သားဦးကို ခွဲမေွးပြီးရင် နောက်ကိုယ်ဝန်ကိုလည်း ခွဲမေွးဖို့အခွင့်ပိုများပါတယ်။ ဒါပေမယ့်လည်း သားဦးကိုခွဲမေွးပြီး ဒုတိယကိုယ်ဝန်ကို ရိုးရိုးမေွးဖွားချင်တယ်ဆိုရင်တော့ ဒီအချက်လေးတေွကို မေမေတို့က ဂရုပြုပေးဖို့လိုအပ်ပါတယ်။
- သားဦးကို ခွဲမေွးရတဲ့အကြောင်းရင်းက ဒုတိယကိုယ်ဝန်မှာမရှိတော့ရင် ဒုတိယကိုယ်ဝန်ကို ရိုးရိုးမေွးလို့ရပါတယ်။
- သားဦးကိုခွဲမေွးတုန်းက ဘာပြဿနာမှမရှိခဲ့ရင် ဒုတိယကိုယ်ဝနကို ခွဲမေွးလို့ရပါတယ်။
- ရိုးရိုးမေွးမယ့်မိခင်တေွအနေနဲ့သာမာန်ထက်တော့ ပိုမိုပြီး ဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။
- ပထမကိုယ်ဝန်ကို ခွဲမေွးခဲ့တဲ့ချုပ်ရိုးကြောင်းရှိတာကြောင့် သားအိမ်ကွဲနိုင်တဲ့အတွက် အန္တရာယ်ရှိတာကို သတိပြုပေးပါ။
- ပထမကိုယ်ဝန်ကို ခွဲမေွးပြီး ဒုတိယကိုယ်ဝန်ကိုရိုးရိုးမေွးဖို့ဆန္ဒရှိတယ်ဆိုရင်တော့ OG နဲ့တိုင်ပင်ပြီး သေချာစောင့်ကြည့်နိုင်တဲ့ အချိန်မရေွးခွဲမေွးနိုင်တဲ့ ဆေးရုံမှာ မေွးဖွားသင့်ပါတယ်။
- မမေွးဖွားမီမှာ သေွးအချိန်မရေွးရနိုင်အောင် ကြိုတင်ရှာထားသင့်ပါတယ်။
မေမေတို့ရေ သားသားမီးမီးလေးတေွ လူ့လောကထဲရောက်ဖို့အတွက် မေမေတို့တေွက ပင်ပန်းကြီးစွာနဲ့ဖြတ်သန်းမေွးဖွားကြရတာပါနော်။ မေမေတို့အားလုံးကျန်းမာပျော်ရွှင်စွာနဲ့ သားသားမီးမီးတို့ကို အဆင်ပြေစွာမေွးဖွားနိုင်ကြပါစေနော်။
မေးလိုရာမေးမေ့ရင်သေွးမှ ကောက်နုတ်ချက်
မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)